Zawgyi

ဒီႏွစ္ထဲမွာ Price-to-Performance အေကာင္းဆံုးလုိ႔ေျပာလုိ႔ရတဲ့ Redmi K20 နဲ႔ Redmi K20 Pro ဖုန္းေတြက အခုဆုိရင္ အရင္ထက္ေတာင္ ပိုေစ်းသက္သာသြားေတာ့မွာပါ။ Xiaomi ကေန ဒီ Redmi K20 Series ဖုန္းေတြကို China မွာ ေစ်းထပ္ေလ်ာ႔ေပးလိုက္ပါျပီ။

အခုေလ်ာ႔လုိက္တဲ့ေစ်းက Redmi K20 RAM 6GB ၊ 128GB Version ကို 2,099 Yuan ( ေငြက်ပ္ ၄၆၀,၀၀၀ ဝန္းက်င္) ကေန 1,999 Yuan (ေငြက်ပ္ ၄၃၇,၀၀၀ ဝန္းက်င္) အထိျဖစ္ျပီးေတာ့ Redmi K20 Pro RAM 6GB ၊ 128GB Version ကို 2,599 Yuan (ေငြက်ပ္ ၅၇၀,၀၀၀ ဝန္းက်င္) ကေန 2,299 Yuan (ေငြက်ပ္ ၅၀၀,၀၀၀ ဝန္းက်င္) ၊ RAM 8GB ၊ 128GB Version ကိုလည္း 2,799 Yuan (ေငြက်ပ္ ၆၁၅,၀၀၀ ဝန္းက်င္) ကေန 2,499 Yuan (ေငြက်ပ္ ၅၅၀,၀၀၀ ဝန္းက်င္) အထိ ေစ်းေလ်ာ႔ေပးခဲ့တာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Redmi 7 ၊ 7A နဲ႔ Redmi Note 7 ၊ Note 7 Pro ဖုန္းေတြကိုလည္း ယခင္ထက္ေစ်းခ်ေပးခဲ့ပါေသးတယ္။

ဒီလုိမ်ိဳး ေလ်ာ႔လုိက္တဲ့ေစ်းႏႈန္းေတြနဲ႔ Redmi ဖုန္းေတြကို ၾသဂုတ္လ ၁ ရက္ေန႔ကေန စတင္ျပီး ဝယ္ယူႏုိင္မွာျဖစ္တယ္လုိ႔သိရပါတယ္။ ဒါက စြမ္းေဆာင္ရည္ေကာင္းေကာင္းဖုန္းေတြကို ေစ်းသက္သက္သာသာနဲ႔ ကိုင္ခ်င္တဲ့သူေတြအတြက္ လံုးဝသတင္းေကာင္းတစ္ခုျဖစ္မွာပါ။

Ref – GSM Arena

Unicode

ဒီနှစ်ထဲမှာ Price-to-Performance အကောင်းဆုံးလို့ပြောလို့ရတဲ့ Redmi K20 နဲ့ Redmi K20 Pro ဖုန်းတွေက အခုဆိုရင် အရင်ထက်တောင် ပိုဈေးသက်သာသွားတော့မှာပါ။ ဘာကြောင့်လဲဆိုရင် Xiaomi ကနေ ဒီ Redmi K20 Series ဖုန်းတွေကို China မှာ ဈေးထပ်လျော့ပေးလိုက်ပါပြီ။

အခုလျော့လိုက်တဲ့ဈေးက Redmi K20 RAM 6GB ၊ 128GB Version ကို 2,099 Yuan ( ငွေကျပ် ၄၆၀,၀၀၀ ဝန်းကျင်) ကနေ 1,999 Yuan (ငွေကျပ် ၄၃၇,၀၀၀ ဝန်းကျင်) အထိဖြစ်ပြီးတော့ Redmi K20 Pro RAM 6GB ၊ 128GB Version ကို 2,599 Yuan (ငွေကျပ် ၅၇၀,၀၀၀ ဝန်းကျင်) ကနေ 2,299 Yuan (ငွေကျပ် ၅၀၀,၀၀၀ ဝန်းကျင်) ၊ RAM 8GB ၊ 128GB Version ကိုလည်း 2,799 Yuan (ငွေကျပ် ၆၁၅,၀၀၀ ဝန်းကျင်) ကနေ 2,499 Yuan (ငွေကျပ် ၅၅၀,၀၀၀ ဝန်းကျင်) အထိ ဈေးလျော့ပေးခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Redmi 7 ၊ 7A နဲ့ Redmi Note 7 ၊ Note 7 Pro ဖုန်းတွေကိုလည်း ယခင်ထက်ဈေးချပေးခဲ့ပါသေးတယ်။

ဒီလိုမျိုး လျော့လိုက်တဲ့ဈေးနှုန်းတွေနဲ့ Redmi ဖုန်းတွေကို သြဂုတ်လ ၁ ရက်နေ့ကနေ စတင်ပြီး ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါက စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ကိုင်ချင်တဲ့သူတွေအတွက် လုံးဝသတင်းကောင်းတစ်ခုဖြစ်မှာပါ။

Ref – GSM Arena