Xiaomi ကနေ ဒီနှစ်အတွက် Flagship Killer လို့ပြောနိုင်တဲ့ Redmi K30 Pro ဖုန်းကို လာမယ့် မတ်လကုန်လောက်မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Xiaomi ကနေ Redmi K30 Pro ဖုန်းဟာ စျေးအသက်သာဆုံး Snapdragon 865 ဖုန်းတစ်လုံးဖြစ်လာမယ့်အပြင် K30 Pro Zoom Edition ပါ မိတ်ဆက်လာမယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း Redmi K30 Pro ဖုန်းရဲ့ နောက်ကျောဘက် Design တွေကို ဓါတ်ပုံပေါက်ကြားလာခဲ့ပြီးတော့ နောက်ကျောဘက် Camera Design အပြင် Pop-up Camera ကိုပါ မြင်တွေ့ခဲ့ရပါတယ်။ Camera Design အနေနဲ့တော့ Quad Camera Setup ကို ဖုန်းရဲ့ အလယ်မှာပဲထည့်သွင်းထားပြီး ဖုန်းရဲ့ အပေါ်ဘက်မှာတော့ Pop-up Selfie Camera နဲ့ 3.5mm Headphone Jack ပါဝင်တာကို တွေ့ရပါတယ်။

အဆိုပါ Redmi K30 Pro ဖုန်းက 5G Version ဖြစ်လာမယ့်အပြင် အခုဓါတ်ပုံတွေအရတော့ အပြာရောင်ပါ မိတ်ဆက်လာဖို့များနေပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိတဲ့အတွက် Display ပိုင်းကိုတော့ ဘယ်လိုပုံစံရှိမလဲဆိုတာ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Redmi K30 Pro ဖုန်းဟာ Xiaomi Mi 10T Pro ဆိုတဲ့နာမည်နဲ့လည်း Global Version မိတ်ဆက်လာနိုင်ပြီးတော့ Xiaomi အတွက် အောင်မြင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – Giz China