Unicode

Xiaomi ကနေ လာမယ့် ၂၀၂၀ နှစ်စပိုင်းမှာ မိတ်ဆက်လာမယ့် Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းတွေဟာ Qualcomm ရဲ့ Snapdragon 865 Processor ကို အစောဆုံးသုံးလာမယ့်ဖုန်းတွေလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံစျေးကွက်မှာလည်း စောင့်မျှော်သူများပြားတဲ့ ဒီ Mi 10 Sereis ဖုန်းတွေဟာ အခုအချိန်မှာတော့ Specification အချို့က ပေါက်ကြားလာခဲ့ပါပြီ။

အခုသတင်းကတော့ Chinese Leaker နဲ့ Blogger ဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Design ပိုင်းတွေ၊ Feature ပိုင်းတွေထက် အခြေခံ Specs အချို့နဲ့ စျေးနှုန်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီသတင်းတွေဟာ လုံးဝသေချာတာတော့ မဟုတ်သေးပေမယ့် ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ပြောရမှာပါ။

ပုံမှန် Mi 10 စမတ်ဖုန်းကတော့ 6.5″ ရှိတဲ့ 90Hz OLED Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Snapdragon 865 Chipset ပါဝင်လာမှာဖြစ်ပါတယ်။ Primary Sensor ကို Sony IMX686 Sensor အပြင် နောက်ထပ် 20MP Ultrawide Sensor ၊ 12MP Telephoto Sensor နဲ့ 5MP Depth Sensor တွေပါဝင်လာမှာပါ။ အခု Xiaomi Mi 10 မှာ 30x Digital Zoom ကို Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့တော့ Mi 10 မှာ 4500mAh Battery ပါဝင်လာမှာဖြစ်ပြီး 40W Wired Fast Charging အပြင် 30W Wirless Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒ့ါအပြင် 10W Reverse Charging လည်းပါဝင်ဦးမှာပါ။ နောက်ထပ် Feature တွေကတော့ Dual-mode 5G ၊ NFC နဲ့ Linear Motor တွေပါဝင်မှာဖြစ်ပါတယ်။

Mi 10 ဟာ 8GB RAM + 128GB ၊ 8GB RAM + 256GB နဲ့ 12GB RAM + 256GB ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး စျေးနှုန်းကို ဖော်ပြတဲ့နေရာမှာ 3,**** Yuan အတွင်းပဲရှိတဲ့အတွက် အများဆုံး 3,999 Yuan (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ရှိမှာပါ။

Xiaomi ရဲ့ လာမယ့်နှစ်မှာ အကောင်းဆုံး Flagship ဖုန်းဖြစ်လာမယ့် Mi 10 Pro အတွက်ကတော့ Specs တွေအတိအကျမသိရပေမယ့် Mi 10 လိုမျိုးပဲ Quad Camera Setup ပါဝင်လာမှာပါ။

ဒီ Quad Camera Setup မှာဆိုရင် 108MP Primary Sensor ၊ 48MP Ultrawide အပြင် 12MP Telephoto နဲ့ 8MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုက DxOMark ကို အနည်းဆုံး 125 Marks နဲ့အထက်ကို ရရှိလာမယ်လို့ ဖော်ပြခဲ့တာပါ။

Battery ပိုင်းအနေနဲ့တော့ 4500mAh ထက်ပိုများမယ်လို့ သိရပြီး 66W Wired Fast Charging အပြင် 40W Wireless Charging ကိုပါ ထည့်သွင်းထားမှာပါ။ Reverse Wireless Charging ပါဝင်ခြင်းရှိမရှိကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပါဘူး။

စျေးနှုန်းအနေနဲ့ကတော့ RAM 12GB + 128GB ကို 3,799 Yuna (မြန်မာငွေ ၈ သိန်းဝန်းကျင်) ၊ RAM 12GB + 256GB ကို 4,099 Yuan (မြန်မာငွေ ၈ သိန်း ၆သောင်းဝန်းကျင်) နဲ့ RAM 12GB + 512GB ကိုတော့ 4,499 Yuan (မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်) ရှိမယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဆိုရင် Xiaomi Mi 10 Series ဖုန်းတွေဟာ Performance ပိုင်းမှာ အများကြီးပိုကောင်းလာမယ့်အပြင် စျေးနှုန်းအနေနဲ့လည်း မနှစ်ကထက် အနည်းငယ်ပိုတိုးလာဖို့များနေပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ကေန လာမယ့္ ၂၀၂၀ ႏွစ္စပိုင္းမွာ မိတ္ဆက္လာမယ့္ Mi 10 နဲ႔ Mi 10 Pro စမတ္ဖုန္းေတြဟာ Qualcomm ရဲ႕ Snapdragon 865 Processor ကို အေစာဆုံးသုံးလာမယ့္ဖုန္းေတြလည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံေစ်းကြက္မွာလည္း ေစာင့္ေမွ်ာ္သူမ်ားျပားတဲ့ ဒီ Mi 10 Sereis ဖုန္းေတြဟာ အခုအခ်ိန္မွာေတာ့ Specification အခ်ိဳ႕က ေပါက္ၾကားလာခဲ့ပါၿပီ။

အခုသတင္းကေတာ့ Chinese Leaker နဲ႔ Blogger ျဖစ္တဲ့ Digital Chat Station ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီး Design ပိုင္းေတြ၊ Feature ပိုင္းေတြထက္ အေျခခံ Specs အခ်ိဳ႕နဲ႔ ေစ်းႏႈန္းကို ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒီသတင္းေတြဟာ လုံးဝေသခ်ာတာေတာ့ မဟုတ္ေသးေပမယ့္ ျဖစ္ႏိုင္ေျချမင့္မားတယ္လို႔ ေျပာရမွာပါ။

ပုံမွန္ Mi 10 စမတ္ဖုန္းကေတာ့ 6.5″ ရွိတဲ့ 90Hz OLED Display ကို အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ Snapdragon 865 Chipset ပါဝင္လာမွာျဖစ္ပါတယ္။ Primary Sensor ကို Sony IMX686 Sensor အျပင္ ေနာက္ထပ္ 20MP Ultrawide Sensor ၊ 12MP Telephoto Sensor နဲ႔ 5MP Depth Sensor ေတြပါဝင္လာမွာပါ။ အခု Xiaomi Mi 10 မွာ 30x Digital Zoom ကို Support ျပဳလုပ္လာမယ္လို႔ သိရပါတယ္။

Battery ပိုင္းအေနနဲ႔ေတာ့ Mi 10 မွာ 4500mAh Battery ပါဝင္လာမွာျဖစ္ၿပီး 40W Wired Fast Charging အျပင္ 30W Wirless Charging ကို Support ျပဳလုပ္မွာျဖစ္ပါတယ္။ ဒ့ါအျပင္ 10W Reverse Charging လည္းပါဝင္ဦးမွာပါ။ ေနာက္ထပ္ Feature ေတြကေတာ့ Dual-mode 5G ၊ NFC နဲ႔ Linear Motor ေတြပါဝင္မွာျဖစ္ပါတယ္။

Mi 10 ဟာ 8GB RAM + 128GB ၊ 8GB RAM + 256GB နဲ႔ 12GB RAM + 256GB ဆိုၿပီး ထြက္ရွိလာမွာျဖစ္ၿပီး ေစ်းႏႈန္းကို ေဖာ္ျပတဲ့ေနရာမွာ 3,**** Yuan အတြင္းပဲရွိတဲ့အတြက္ အမ်ားဆုံး 3,999 Yuan (ျမန္မာေငြ ၈ သိန္းခြဲဝန္းက်င္) ရွိမွာပါ။

Xiaomi ရဲ႕ လာမယ့္ႏွစ္မွာ အေကာင္းဆုံး Flagship ဖုန္းျဖစ္လာမယ့္ Mi 10 Pro အတြက္ကေတာ့ Specs ေတြအတိအက်မသိရေပမယ့္ Mi 10 လိုမ်ိဳးပဲ Quad Camera Setup ပါဝင္လာမွာပါ။

ဒီ Quad Camera Setup မွာဆိုရင္ 108MP Primary Sensor ၊ 48MP Ultrawide အျပင္ 12MP Telephoto နဲ႔ 8MP Depth Sensor ေတြပါဝင္မွာျဖစ္ပါတယ္။ ထူးဆန္းတာတစ္ခုက DxOMark ကို အနည္းဆုံး 125 Marks နဲ႔အထက္ကို ရရွိလာမယ္လို႔ ေဖာ္ျပခဲ့တာပါ။

Battery ပိုင္းအေနနဲ႔ေတာ့ 4500mAh ထက္ပိုမ်ားမယ္လို႔ သိရၿပီး 66W Wired Fast Charging အျပင္ 40W Wireless Charging ကိုပါ ထည့္သြင္းထားမွာပါ။ Reverse Wireless Charging ပါဝင္ျခင္းရွိမရွိကိုေတာ့ ေဖာ္ျပထားခဲ့ျခင္းမရွိပါဘူး။

ေစ်းႏႈန္းအေနနဲ႔ကေတာ့ RAM 12GB + 128GB ကို 3,799 Yuan (ျမန္မာေငြ ၈ သိန္းဝန္းက်င္) ၊ RAM 12GB + 256GB ကို 4,099 Yuan (ျမန္မာေငြ ၈ သိန္း ၆ေသာင္းဝန္းက်င္) နဲ႔ RAM 12GB + 512GB ကိုေတာ့ 4,499 Yuan (ျမန္မာေငြ ၉ သိန္းခြဲဝန္းက်င္) ရွိမယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီအတိုင္းဆိုရင္ Xiaomi Mi 10 Series ဖုန္းေတြဟာ Performance ပိုင္းမွာ အမ်ားႀကီးပိုေကာင္းလာမယ့္အျပင္ ေစ်းႏႈန္းအေနနဲ႔လည္း မႏွစ္ကထက္ အနည္းငယ္ပိုတိုးလာဖို႔မ်ားေနပါတယ္။

Ref – Gizmo China