Zawgyi

Xiaomi ကေန မၾကာခင္မွာ Mi Series စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Mi CC9 နဲ႔ Mi CC9e စမတ္ဖုန္းေတြကို မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Mi CC9e ရဲ႕ စိတ္ဝင္စားဖြယ္သတင္းတစ္ခုထြက္ေပၚလာျပီျဖစ္ပါတယ္။

အခုသတင္းကိုေတာ့ System Diagnostics App တစ္ခုျဖစ္တဲ့ AIDA64 ကေန သိရွိခဲ့တာျဖစ္ျပီးေတာ့ Mi CC9e ဖုန္းမွာ Qualcomm ရဲ႕ Processor အသစ္ျဖစ္တဲ့ Snapdragon 665 Processor ကို အသံုးျပဳလာမွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Mi CC9e ဖုန္းက လက္ရွိစမတ္ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ Snapdragon 665 နဲ႔ ထြက္ရွိလာမယ့္ဖုန္းလုိ႔ ေျပာလုိ႔ရပါတယ္။

အခု Snapdragon 665 Processor အတြက္ Performance က ဘယ္ေလာက္ဝန္းက်င္ရွိမလဲဆုိတာကိုေတာ့ အတိအက်မသိရွိရေသးေပမယ့္ Octa-Core Processor အမ်ိဳးအစားျဖစ္ျပီးေတာ့ 1.8GHz Quad-Core နဲ႔ 2.0GHz Quad-Core ၂ ခုေပါင္းစပ္ထားတာျဖစ္ပါတယ္။ ျဖစ္ႏုိင္တာကေတာ့ ယခု Snapdragon 665 Processor က လက္ရွိ Snapdragon 710 နဲ႔ 670 Processor ဝန္းက်င္ စြမ္းေဆာင္ရည္ရွိလာႏုိင္ပါတယ္။

ဒါ့အျပင္ Xiaomi Mi CC9e ဖုန္းမွာ 4030mAh Battery ပါဝင္လာမွာျဖစ္ျပီးေတာ့ ပိုေကာင္းတဲ့ Mi CC9 ဖုန္းက Snapdragon 710 ကိုပဲ အသံုးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Mi CC9 ဖုန္းေတြက Performance အစား Selfie Camera နဲ႔ Design ပိုင္းကို ပိုျပီး ဦးစားေပးထားပံုပါပဲ။

ဒါ့အျပင္ Mi CC9e ဖုန္းက Xiaomi ရဲ႕ Pure Android ျဖစ္တဲ့ Android One ကို အသံုးျပဳလာႏုိင္ျပီးေတာ့ Android One Device ေတြရဲ႕ Codename ျဖစ္တဲ့ “Sprout” ကို အသံုးျပဳထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Mi CC9e ဖုန္းက တရုတ္ႏုိင္ငံျပင္ပမွာ Mi A3 Lite အေနနဲ႔ ေရာင္းခ်လာႏုိင္ပါတယ္။ ဒါေပမယ့္ Mi CC9 ဖုန္းက Mi A3 ဖုန္းျဖစ္လာႏုိင္မလားဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။

အခု Mi CC9 Series ဖုန္းေတြက 32MP Selfie Camera ပါလာမယ့္အျပင္ In-Display Fingerprint Sensor ေတြပါဝင္လာမွာျဖစ္ျပီး CEO Lei Jun ကိုယ္တုိင္က ဖုန္းပံုေတြကို ထုတ္ျပထားျပီးျဖစ္ပါတယ္။

Ref – Gizmo China

Unicode

Xiaomi ကနေ မကြာခင်မှာ Mi Series စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Mi CC9 နဲ့ Mi CC9e စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Mi CC9e ရဲ့ စိတ်ဝင်စားဖွယ်သတင်းတစ်ခုထွက်ပေါ်လာပြီဖြစ်ပါတယ်။

အခုသတင်းကိုတော့ System Diagnostics App တစ်ခုဖြစ်တဲ့ AIDA64 ကနေ သိရှိခဲ့တာဖြစ်ပြီးတော့ Mi CC9e ဖုန်းမှာ Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ Snapdragon 665 Processor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Mi CC9e ဖုန်းက လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Snapdragon 665 နဲ့ ထွက်ရှိလာမယ့်ဖုန်းလို့ ပြောလို့ရပါတယ်။

အခု Snapdragon 665 Processor အတွက် Performance က ဘယ်လောက်ဝန်းကျင်ရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပေမယ့် Octa-Core Processor အမျိုးအစားဖြစ်ပြီးတော့ 1.8GHz Quad-Core နဲ့ 2.0GHz Quad-Core ၂ ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ယခု Snapdragon 665 Processor က လက်ရှိ Snapdragon 710 နဲ့ 670 Processor ဝန်းကျင် စွမ်းဆောင်ရည်ရှိလာနိုင်ပါတယ်။

ဒါ့အပြင် Xiaomi Mi CC9e ဖုန်းမှာ 4030mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ ပိုကောင်းတဲ့ Mi CC9 ဖုန်းက Snapdragon 710 ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Mi CC9 ဖုန်းတွေက Performance အစား Selfie Camera နဲ့ Design ပိုင်းကို ပိုပြီး ဦးစားပေးထားပုံပါပဲ။

ဒါ့အပြင် Mi CC9e ဖုန်းက Xiaomi ရဲ့ Pure Android ဖြစ်တဲ့ Android One ကို အသုံးပြုလာနိုင်ပြီးတော့ Android One Device တွေရဲ့ Codename ဖြစ်တဲ့ “Sprout” ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi CC9e ဖုန်းက တရုတ်နိုင်ငံပြင်ပမှာ Mi A3 Lite အနေနဲ့ ရောင်းချလာနိုင်ပါတယ်။ ဒါပေမယ့် Mi CC9 ဖုန်းက Mi A3 ဖုန်းဖြစ်လာနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အခု Mi CC9 Series ဖုန်းတွေက 32MP Selfie Camera ပါလာမယ့်အပြင် In-Display Fingerprint Sensor တွေပါဝင်လာမှာဖြစ်ပြီး CEO Lei Jun ကိုယ်တိုင်က ဖုန်းပုံတွေကို ထုတ်ပြထားပြီးဖြစ်ပါတယ်။

Ref – Gizmo China