Xiaomi ဖုန်းသုံးစွဲသူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ Xiaomi ဖုန်းတွေမှာ အရေးကြီးဆုံးဖြစ်တဲ့ MIUI Version အသစ်ဖြစ်တဲ့ MIUI 9 ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ကြေငြာခဲ့တာဖြစ်ပေမယ့် Beta Version အသုံးပြုသူတွေကိုပဲ အရင် Update ထုတ်ပေးသွားတာဖြစ်တဲ့အတွက် ဖုန်းအသုံးပြုသူအများစု အသုံးပြုနေတဲ့ Stable MIUI Version တွေမှာ MIUI 9 ကို Update ပြုလုပ်လို့မရသေးတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး MIUI 9 ကို Update ရဖို့ စောင့်ရမယ့်အချိန်သိပ်မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုသိရှိရတဲ့သတင်းတွေအရ Xiaomi ဖုန်းအသုံးပြုသူတွေအကုန်လုံးနီးပါး လာမယ့် နိုဝင်ဘာလ လဆန်းပိုင်းကစတင်ပြီး MIUI 9 Stable Version Update ကိုရရှိသွားတော့မယ်လို့ သိရလို့ပါ။ အဆိုပါ MIUI 9 Update မှာဆိုရင် Screen ကို ၂ ခြမ်းခွဲသုံးလို့ရတဲ့ Split Screen Feature တွေ၊ ပိုမိုမြန်ဆန်လာမယ့် App Launching Speed နဲ့ အခြားသော ဒီဇိုင်းပိုင်း ပြောင်းလဲမှုအများအပြားရှိမှာဖြစ်ပါတယ်။

MIUI 9 ကို Update ရယူနိုင်မယ့် Xiaomi Devices တွေကတော့…

Mi Mix

Mi Mix 2

Mi 6/5/4/4i/3

Mi Max 2

Mi Max/Prime

Redmi Note 4/3/Prime

Redmi 4/4A

Redmi 3S/Prime/Plus

Redmi 2/Prime တွေဖြစ်တယ်လို့ သိရှိရပါတယ်။

အခု MIUI 9 Update ရရှိမယ့်ဖုန်းတွေထဲမှာ လွန်ခဲ့တဲ့ 2013 ခုနှစ်ထဲကထုတ်ခဲ့တဲ့ Mi 3 လိုဖုန်းမျိုးတွေပါ ပါဝင်နေတဲ့အတွက် Xiaomi ရဲ့ Software Update ပေးတဲ့စနစ်ကတော့ အားရစရာပါ။ ဒါပေမယ့် တစ်ခုရှိတာက အခုနိုဝင်ဘာလမှာ MIUI 9 ကို Update ရရှိမှာက China MIUI Stable ROM တင်ထားတဲ့ဖုန်းတွေပဲ ရရှိဦးမှာဖြစ်ပြီး Global ROM အတွက်ကတော့ MIUI 9 ရရှိဦးမှာမဟုတ်ပါဘူး။