Unicode

Xiaomi ကနေ လတ်တလောကမှ Sub-brand အနေနဲ့ ကွဲထွက်လာတဲ့ POCO ဟာ လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ POCO X2 စမတ်ဖုန်းအသစ်ကို India မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ POCO ကနေ ဒီ POCO X2 ဖုန်းမှာ 120Hz Refresh Rate နဲ့ RealityFlow Display ပါဝင်လာမယ်ဆိုတာကို Teaser ထုတ်ပေးခဲ့ပြီး အခုလည်း နောက်ထပ် Teaser ပုံတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ Teaser ဓါတ်ပုံအရတော့ POCO X2 စမတ်ဖုန်းမှာ 27W Fast Charging ကို Support ပြုလုပ်မယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။ ဒီ Teaser ဓါတ်ပုံကို POCO ကနေ India မှာရောင်းချမယ့် Channel တစ်ခုဖြစ်တဲ့ Flipkart ကနေ ထုတ်ပြခဲ့တာပါ။

POCO X2 စမတ်ဖုန်းဟာ Redmi K30 ကိုပဲ နာမည်ပြောင်းထားတာဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ အခုလိုမျိုး Redmi K30 လိုမျိုးပဲ တူညီတဲ့ Fast Charging Support ရရှိလာတာက ပိုပြီး Redmi K30 ဖုန်းအတိုင်းပဲ Specs နဲ့ Design တူညီလာမယ်ဆိုတာကို ပိုပြီးတောင် အတည်ပြုနိုင်လာတယ်လို့ ပြောရမှာပါ။

မကြာသေးခင်တုန်းက ပေါက်ကြားခဲ့တဲ့ Poster ပုံအရလည်း POCO X2 စမတ်ဖုန်းဟာ Redmi K30 ဖုန်းနဲ့ တူညီတဲ့ 6.67″ 120Hz Display ၊ 64MP Quad Camera Setup ပါဝင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ India Rupees 18,999 (မြန်မာငွေ ၃ သိန်း ၉ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ နောက်ထပ် Screenshot ဓါတ်ပုံအရလည်း Snapdragon 730 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် POCO X2 စမတ်ဖုန်းဟာ Redmi K30 ကိုပဲ Global Version အနေနဲ့ ထွက်ရှိလာဖို့ ရာခိုင်နှုန်းများနေပါတယ်။

Ref – GSM Arena

Zawgyi

Xiaomi ကေန လတ္တေလာကမွSub-brand အေနနဲ႔ ကြဲထြက္လာတဲ့ POCO ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာ POCO X2 စမတ္ဖုန္းအသစ္ကို India မွာ မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ POCO ကေန ဒီ POCO X2 ဖုန္းမွာ 120Hz Refresh Rate နဲ႔ RealityFlow Display ပါဝင္လာမယ္ဆိုတာကို Teaser ထုတ္ေပးခဲ့ၿပီး အခုလည္း ေနာက္ထပ္ Teaser ပုံတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။

ေနာက္ဆုံးထြက္ရွိလာတဲ့ Teaser ဓါတ္ပုံအရေတာ့ POCO X2 စမတ္ဖုန္းမွာ 27W Fast Charging ကို Support ျပဳလုပ္မယ္ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။ ဒီ Teaser ဓါတ္ပုံကို POCO ကေန India မွာေရာင္းခ်မယ့္ Channel တစ္ခုျဖစ္တဲ့ Flipkart ကေန ထုတ္ျပခဲ့တာပါ။

POCO X2 စမတ္ဖုန္းဟာ Redmi K30 ကိုပဲ နာမည္ေျပာင္းထားတာျဖစ္တယ္ဆိုၿပီး သတင္းေတြထြက္ေပၚေနပါတယ္။ အခုလိုမ်ိဳး Redmi K30 လိုမ်ိဳးပဲ တူညီတဲ့ Fast Charging Support ရရွိလာတာက ပိုၿပီး Redmi K30 ဖုန္းအတိုင္းပဲ Specs နဲ႔ Design တူညီလာမယ္ဆိုတာကို ပိုၿပီးေတာင္ အတည္ျပဳႏိုင္လာတယ္လို႔ ေျပာရမွာပါ။

မၾကာေသးခင္တုန္းက ေပါက္ၾကားခဲ့တဲ့ Poster ပုံအရလည္း POCO X2 စမတ္ဖုန္းဟာ Redmi K30 ဖုန္းနဲ႔ တူညီတဲ့ 6.67″ 120Hz Display ၊ 64MP Quad Camera Setup ပါဝင္မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ India Rupees 18,999 (ျမန္မာေငြ ၃ သိန္း ၉ ေသာင္းဝန္းက်င္) နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ေနာက္ထပ္ Screenshot ဓါတ္ပုံအရလည္း Snapdragon 730 Processor ကိုပဲ အသုံးျပဳလာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ POCO X2 စမတ္ဖုန္းဟာ Redmi K30 ကိုပဲ Global Version အေနနဲ႔ ထြက္ရွိလာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

Ref – GSM Arena