[Zawgyi]





Ref : gizmochina

[Unicode]

Redmi Note 8 Pro ကို ၂ ရက်သုံးပြီးတာတောင် ဘက်ထရီ ၄၀ ရာခိုင်နှုန်း ကျန်မည်

တရုတ်မှာ Redmi Note 8 နဲ့ Redmi Note 8 Pro တို့ကို မနက်ဖြန်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Xiaomi ရဲ့ ဥက္ကဌ လင်ဘင်က Redmi Note 8 Pro ကို ၂ ရက်သုံးပြီးတာတောင် ဘက်ထရီ ၄၀ ရာခိုင်နှုန်း ကျန်မယ်လို့ ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် ၂ ရက်၊ ၃ ရက်လောက်နေမှ ၁ ခါအားသွင်းရင်တောင် အဆင်ပြေနိုင်ပါတယ်။

လင်ဘင်က 4G Usage, WiFi , Screen Wakup Frequency , Video Watching , Gaming စတဲ့ ဘက်ထရီ အသုံးပြုမှုတွေကို ရိုက်ကူးထားတဲ့ Screenshot ၁ ပုံကိုလည်း ပြသလိုက်ပါတယ်။ Redmi Note 8 Pro ရဲ့ 4,500mAh Battery ဟာ သက်တမ်း အရမ်းကောင်းတာ မြင်ရပါတယ်။

ကုမ္ပဏီက Redmi Note 8 Pro မှာ အပူချိန်လျှော့ချပေးမယ့် Liquid-cooling နည်းပညာ ပါမယ်လို့ အတည်ပြုထားပါတယ်။ အနောက်ဘက်မှာ 64MP Main Camera အပါအဝင် ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

Redmi က Note 8 Pro မှာ ဂိမ်း အသားပေး MediaTek Helio G90T Chipset မောင်းနှင်ထားမယ်ဆိုတာ အတည်ပြုပြီးပါပြီ။ Helio G90 Series Chipsets တွေမှာ ဆဲလ်လူလာလိုင်း ပိုမိစေတဲ့ HyperEngine ကို ထောက်ပံ့ပါတယ်။ WiFi Networks ၂ ခုကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်တဲ့ Dual WiFi Connection ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး အဲဒီအောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ ဘေးဘက်မှာ LED Flash ၁ လုံးနဲ့ စတုတ္ထမြောက် ကင်မရာ ပါပါတယ်။ NFC, IR Blaster နဲ့ 18W Fast Charging တွေ ပါလာနိုင်ပါတယ်။

Ref : gizmochina