Zawgyi
Redmi Note 6 Pro ရဲ့ တရုတ်နိုင်ငံမှာ ရောင်းချသွားတဲ့ ဈေးနှုန်းကို သေချာမသိရသေးပေမယ့် ထိုင်းနိုင်ငံမှာတော့ ထိုင်းငွေ ၆၉၉၀ ဘတ် (မြန်မာငွေ ၃၃၅,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချသွားတယ်လို့ သိရပါတယ်။
Ref: TheIndianEXPESS
Unicode
Xiaomi Redmi Note 6 Pro ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်
Xiaomi အနေနဲ့ Redmi Note 6 Pro ကို တရုတ်နိုင်ငံမှာ ဒီနေ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Redmi Note 6 Pro ဟာ Price-to-Performance ratio ကောင်းမွန်မှုကြောင့် အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ Redmi Note 5 Pro ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Redmi Note 6 Pro ကလည်း Note 5 Pro လိုမျိူး အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
Xiaomi Redmi Note 6 Pro Specifications
6.26” FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2280 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Redmi Note 5 Pro မှာတုန်းက အသုံးပြုခဲ့တဲ့ Snapdragon 636 SoC ကိုပဲ အသုံးပြုထားတာကတော့ တော်တော်လေး အားမရစရာပါ။ Memory အပိုင်းမှာတော့ RAM 3GB/ Storage 32GB, RAM 4GB/ Storage 64GB နဲ့ RAM 6GB/ Storage 64GB ဆိုပြီး ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Operating System အပိုင်းမှာဆိုရင် Android 8.1 Oreo ကို ပြန်လည် Customize ပြုလုပ်ထားတဲ့ MIUI 10 နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP+2MP Camera တွေကို တွဲလျက် တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Scanner ကို အသုံးပြုနိုင်သလို Face Unlock စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး အမြန်အားသွင်းစနစ် ပါ၊ မပါကိုတော့ အတိအကျ မသိရသေးပါဘူး။
Redmi Note 6 Pro ရဲ့ တရုတ်နိုင်ငံမှာ ရောင်းချသွားတဲ့ စျေးနှုန်းကို သေချာမသိရသေးပေမယ့် ထိုင်းနိုင်ငံမှာတော့ ထိုင်းငွေ ၆၉၉၀ ဘတ် (မြန်မာငွေ ၃၃၅,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချသွားတယ်လို့ သိရပါတယ်။
Ref: TheIndianEXPESS