[Zawgyi]

Xiaomi က အိႏၵိယမွာ ေစ်းေရာင္းပြဲေတာ္ေတြ ႀကီးႀကီးက်ယ္က်ယ္ က်င္းပေပးေနၿပီး ေလွ်ာ့ေစ်းေတြ ေပးေနတာေၾကာင့္ ေရာင္းအားေတြ ဖလန္းဖလန္းထေနပါတယ္။ Amazon India မွာ Great Indian Festival ၊ Flipkart မွာ Big Billion Days 2019 နဲ႔ Mi.com မွာ Diwali with Mi 2019 ပြဲေတာ္ေတြကို ျပဳလုပ္ေပးေနၿပီး နာရီပိုင္းအတြင္းမွာ Device ေပါင္း ၁.၅ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ဖုန္း အျပင္ Mi TV နဲ႔ Accessory ေတြလို Mi Device ေတြကိုပါ ေရာင္းေပးေနတာပါ။

ပ်မ္းမွ်အားျဖင့္ ၁ စကၠန္႔မွာ Device ၁၀ လံုး ေရာင္းေနရတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Amazon နဲ႔ Flipkart ရဲ႕ ေရာင္းအား အေကာင္းဆံုး ဖုန္း ၁၀ လံုး စာရင္းမွာ ၅ လံုးက Xiaomi နဲ႔ Redmi Device ေတြ ျဖစ္ပါတယ္။ Smart TV က႑မွာ ေရာင္းအေကာင္းဆံုး ၃ လံုးထဲက ၂ လံုးမွာ Mi TV ေတြပါ။ ေလသန္႔စက္ က႑မွာ ေရာင္းအား အေကာင္းဆံုးက Mi Air Purifier 2S ျဖစ္ပါတယ္။

Mi Band Fitness Tracker နဲ႔ Mi Security Camera ေတြကလည္း Wearable နဲ႔ Security Camera က႑မွာ ေရာင္းအား အေကာင္းဆံုး ၃ ခုထဲက ၂ ခု ျဖစ္ေနပါတယ္။ Mi Power Bank ကလည္း ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။

အဲဒီပြဲေတာ္ ၃ ခုကို ေအာက္တိုဘာလ ၄ ရက္ မတိုင္ခင္အထိ က်င္းပမွာ ျဖစ္ပါတယ္။ အရမ္းလန္းတဲ့ ေရာင္းအားေၾကာင့္ Xiaomi India ရဲ႕ အြန္လိုင္းအေရာင္းဌာနက အႀကီးအကဲ ျဖစ္သူ Raghu Reddy က အိႏၵိယ ႏုိင္ငံ အ၀န္းက Mi Fans ေတြရဲ႕ ခ်စ္ေမတၱာေတြေၾကာင့္ ဒီလို ေရာင္းအားေကာင္းတာလို႔ ေျပာဆို ခ်ီးက်ဴးလိုက္ပါတယ္။

Ref : gizmochina

[Unicode]

ဈေးရောင်းပွဲတော်တွေမှာ နာရီပိုင်းအတွင်း Device ပေါင်း ၁.၅ သန်းရောင်းချနိုင်ခဲ့တဲ့ Xiaomi

Xiaomi က အိန္ဒိယမှာ ဈေးရောင်းပွဲတော်တွေ ကြီးကြီးကျယ်ကျယ် ကျင်းပပေးနေပြီး လျှော့ဈေးတွေ ပေးနေတာကြောင့် ရောင်းအားတွေ ဖလန်းဖလန်းထနေပါတယ်။ Amazon India မှာ Great Indian Festival ၊ Flipkart မှာ Big Billion Days 2019 နဲ့ Mi.com မှာ Diwali with Mi 2019 ပွဲတော်တွေကို ပြုလုပ်ပေးနေပြီး နာရီပိုင်းအတွင်းမှာ Device ပေါင်း ၁.၅ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဖုန်း အပြင် Mi TV နဲ့ Accessory တွေလို Mi Device တွေကိုပါ ရောင်းပေးနေတာပါ။

ပျမ်းမျှအားဖြင့် ၁ စက္ကန့်မှာ Device ၁၀ လုံး ရောင်းနေရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Amazon နဲ့ Flipkart ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံး စာရင်းမှာ ၅ လုံးက Xiaomi နဲ့ Redmi Device တွေ ဖြစ်ပါတယ်။ Smart TV ကဏ္ဍမှာ ရောင်းအကောင်းဆုံး ၃ လုံးထဲက ၂ လုံးမှာ Mi TV တွေပါ။ လေသန့်စက် ကဏ္ဍမှာ ရောင်းအား အကောင်းဆုံးက Mi Air Purifier 2S ဖြစ်ပါတယ်။

Mi Band Fitness Tracker နဲ့ Mi Security Camera တွေကလည်း Wearable နဲ့ Security Camera ကဏ္ဍမှာ ရောင်းအား အကောင်းဆုံး ၃ ခုထဲက ၂ ခု ဖြစ်နေပါတယ်။ Mi Power Bank ကလည်း ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။

အဲဒီပွဲတော် ၃ ခုကို အောက်တိုဘာလ ၄ ရက် မတိုင်ခင်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အရမ်းလန်းတဲ့ ရောင်းအားကြောင့် Xiaomi India ရဲ့ အွန်လိုင်းအရောင်းဌာနက အကြီးအကဲ ဖြစ်သူ Raghu Reddy က အိန္ဒိယ နိုင်ငံ အဝန်းက Mi Fans တွေရဲ့ ချစ်မေတ္တာတွေကြောင့် ဒီလို ရောင်းအားကောင်းတာလို့ ပြောဆို ချီးကျူးလိုက်ပါတယ်။

Ref : gizmochina