Xiaomi လို့ဆိုလိုက်ရင် အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေအပြင် အကောင်းစား Electronic ပစ္စည်းတွေကိုပါ ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာကို တန်းပြောလို့ရပါတယ်။

အခု Xiaomi ကနေ နောက်ထပ် Product အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒါကတော့ Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Yeelight ကနေ ထုတ်လုပ်ထားတဲ့ Smart Speaker ပဲဖြစ်ပါတယ်။

အခု Smart Speaker မှာဆိုရင် Quad Core CPU, 256MB RAM နဲ့ 256MB ROM ပါဝင်မှာဖြစ်ပြီး ကိုယ့်အသံကိုနားထောင်ဖို့အတွက် Microphone ၆ ခုပါဝင်မှာဖြစ်ပါတယ်။ Yee Light ဟာဆိုရင် Amazon ရဲ့ Alexa Assistant ကို အသုံးပြုထားတဲ့အတွက် တရုတ်လိုအသုံးပြုစရာမလိုပါဘူး။

အခု Xiaomi Yeelight Speaker မှာ Wi-Fi, Bluetooth စနစ်နဲ့ Dual AI စနစ်တေပါဝင်တဲ့အတွက် အဆင့်မြှင့် Smart Speaker တစ်ခုလို့ပြောလို့ရပါတယ်။ ဒါပေမယ့်ဈေးကအလွန်သက်သာပြီး ဒေါ်လာ ၃၀ ဝန်းကျင်နဲ့ပဲရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။