[Zawgyi]

Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Snapdragon 855 Plus ပါမယ့္ စမတ္ဖုန္း အသစ္တစ္လံုး ထြက္လာေတာ့မွာပါ။ Xiaomi က ဇူလိုင္လ ၃၀ ရက္ေန႔မွာ Black Shark 2 Pro ကို ေၾကညာမယ္လို႔ ၀ီဘိုမွာ ေၾကညာလိုက္ပါတယ္။ သူ႔မွာ တိုးတက္လာမယ့္ အဓိက အစိတ္အပိုင္းက မၾကာခင္က ေၾကညာထားတဲ့ Snapdragon 855 Plus Chipset ျဖစ္ႏုိင္ပါတယ္။

Asus က ဒီလ ၂၂ ရက္ေန႔မွာ Snapdragon 855 Plus ပါတဲ့ ROG Phone 2 ကို ေၾကညာမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ရက္ကေတာ့ Nubia က Red Magic 3 Gaming Smartphone ကို အဲဒီ Chipset နဲ႔ အဆင့္ျမွင့္မယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ Xiaomi ကလည္း သူ႔ရဲ႕ Gaming Smartphone အသစ္မွာ အဲဒီ Chipset ကို အသံုးျပဳေတာ့မွာ ျဖစ္ပါတယ္။

Snapdragon 855 နဲ႔ Snapdragon 855 Plus ရဲ႕ ကြာျခားခ်က္က Plus Model ရဲ႕ GPU ဟာ ၁၅ ရာခုိင္ႏႈန္းေလာက္ ပိုျမန္ပါတယ္။ ပထမ CPU ရဲ႕ Overclock Speed ဟာ 2.84GHz ကေန 2.96GHz အထိ ရွိလာပါတယ္။ Black Shark 2 Pro မွာ Chipset သာမက အျခား အစိတ္အပိုင္းမ်ားဟာလည္း တိုးတက္လာမလားဆိုတာကို မသိရေသးပါဘူး။  Gaming Smartphone နယ္ပယ္မွာ ပိုမို ၿပိဳင္ဆိုင္ႏိုင္ေအာင္ သူ႔မွာ ပိုမိုျမင့္တဲ့ Refresh Rate Screen ပါလာႏိုင္ပါတယ္။

Gaming Smartphone မ်ားမွာသာမက စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားမွာလည္း Snapdragon 855 Plus Chipset မ်ားကို အသံုးျပဳလာေတာ့မွာ ျဖစ္ပါတယ္။ တန္ဖိုးနည္း စမတ္ဖုန္းမ်ား ထုတ္လုပ္ေနတဲ့ Redmi နဲ႔ Realme တို႔ကေတာင္ အဲဒီ Chipset ပါတဲ့ စမတ္ဖုန္းမ်ား ထုတ္လုပ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က ဇူလိုင်လ ၃၀ မှာ Black Shark 2 Pro ကို ကြေညာမည်

Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855 Plus ပါမယ့် စမတ်ဖုန်း အသစ်တစ်လုံး ထွက်လာတော့မှာပါ။ Xiaomi က ဇူလိုင်လ ၃၀ ရက်နေ့မှာ Black Shark 2 Pro ကို ကြေညာမယ်လို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ သူ့မှာ တိုးတက်လာမယ့် အဓိက အစိတ်အပိုင်းက မကြာခင်က ကြေညာထားတဲ့ Snapdragon 855 Plus Chipset ဖြစ်နိုင်ပါတယ်။

Asus က ဒီလ ၂၂ ရက်နေ့မှာ Snapdragon 855 Plus ပါတဲ့ ROG Phone 2 ကို ကြေညာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်ကတော့ Nubia က Red Magic 3 Gaming Smartphone ကို အဲဒီ Chipset နဲ့ အဆင့်မြှင့်မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Xiaomi ကလည်း သူ့ရဲ့ Gaming Smartphone အသစ်မှာ အဲဒီ Chipset ကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Snapdragon 855 နဲ့ Snapdragon 855 Plus ရဲ့ ကွာခြားချက်က Plus Model ရဲ့ GPU ဟာ ၁၅ ရာခိုင်နှုန်းလောက် ပိုမြန်ပါတယ်။ ပထမ CPU ရဲ့ Overclock Speed ဟာ 2.84GHz ကနေ 2.96GHz အထိ ရှိလာပါတယ်။ Black Shark 2 Pro မှာ Chipset သာမက အခြား အစိတ်အပိုင်းများဟာလည်း တိုးတက်လာမလားဆိုတာကို မသိရသေးပါဘူး။ Gaming Smartphone နယ်ပယ်မှာ ပိုမို ပြိုင်ဆိုင်နိုင်အောင် သူ့မှာ ပိုမိုမြင့်တဲ့ Refresh Rate Screen ပါလာနိုင်ပါတယ်။

Gaming Smartphone များမှာသာမက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာလည်း Snapdragon 855 Plus Chipset များကို အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်နေတဲ့ Redmi နဲ့ Realme တို့ကတောင် အဲဒီ Chipset ပါတဲ့ စမတ်ဖုန်းများ ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena