Android အတွက် Xiaomi ရဲ့ Skin ကို MIUI လို့ နှစ်ပေါင်းများစွာ ခေါ်ခဲ့ကြပြီး ဒီနှစ်မှာတော့ ကုမ္ပဏီက အမည်ကို ပြောင်းလဲလိုက်ပါတယ်။ အောက်တိုဘာလမှာ CEO Lei Jun က Android 14 Update ထွက်တဲ့အချိန်မှာ  MIUI ကို အစားထိုးတဲ့ HyperOS ကို ကြေညာခဲ့ပါတယ်။

အခုတော့ X(Twitter) မှာ Xiaomi က HyperOS Logo အသစ်ကို ပြသလိုက်ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

Xiaomi က HyperOS ကို နိုင်ငံတကာအတွက် ဖြန့်ချိပေးထားပါတယ်။ ၂၀၂၄ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း Device ၉ ခုမှာ HyperOS ကို ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီ Device တွေက Xiaomi 13 Ultra, 13 Pro, 13, 13T Pro, 13T, Redmi Note 12, Redmi Note 12S, the Xiaomi Pad 6 နဲ့ Poco F5 တို့ ဖြစ်ကြပါတယ်။

Xiaomi's HyperOS begins global rollout - here are the first devices to get it

Xiaomi က Over the air ကနေ Update ကို ရရှိမှာ ဖြစ်ပြီး ကမ္ဘာအဝန်းအတွက် အဆင့်လိုက် ဖြန့်ချိတာ ဖြစ်တဲ့အတွက် ရရှိချိန် မတူညီဘူးလို့ ပြောပါတယ်။

HyperOS ကို စမတ်ဖုန်း၊ နေအိမ်နဲ့ ကားမှာတောင် ထည့်သွင်းနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ UI တွေကို ဆန်းသစ်ထားသလို လျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်။ MIUI ထက် ပိုမို ပေါ့ပါးပြီး အင်စတောလုပ်ရတာ ပိုမြန်ပါတယ်။

Ref : gsmarena