Redmi K30 Pro ကို မတ်လကုန်မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှုလုပ်ငန်းမှာ နှောင့်အယှက်ဖြစ်နေရတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် Redmi K30 Pro ကို သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ဈေးကွက်ထဲ မြင်တွေ့ရမယ်၊ ရောင်းချမယ့် ပမာဏလည်း နည်းပါးလိမ့်မယ်လို့ ကောလာဟလတွေ ထွက်ခဲ့ရပါသေးတယ်။

ဒီကောလာဟလတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတာကတော့ Xiaomi Group ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ L Weibing ကိုယ်တိုင်ပါပဲ။ Lu က ကုမ္ပဏီအနေနဲ့ မကြာခင်ထွက်လာမယ့် Redmi K30 Pro ထုတ်လုပ်မှုအတွက် ဘာပြဿနာမှမရှိဘဲ ကုန်ပစ္စည်းတွေလည်း အလုံအလောက်ရှိနေပါတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

Redmi K30 Pro ဟာ မျက်နှာပြင်ပြည့်အမျိုးအစားနဲ့ Pop-up ကင်မရာကို သုံးလာမှာ ဖြစ်ပါတယ်။ Redmi ရဲ့ ပထမဆုံး Snapdragon 865 အသုံးပြု flagship ဖြစ်လာနိုင်ပါတယ်။ LPDDR5 memory နဲ့ UFS 3.0 flash memory သုံးထားမှာလည်း ဖြစ်ပါတယ်။ အဓိကကင်မရာကတော့ 64MP (Sony IMX696 sensor) ဖြစ်ပါလိမ့်မယ်။

4,700mAh ဘက်ထရီကို အသုံးပြုထားပြီး 33W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ Redmi ရဲ့ ထုတ်လုပ်မှုဒါရိုက်တာ Wang Teng ကတော့ Redmi K30 Pro ရဲ့ ဈေးနှုန်းဟာ ယွမ် ၃၀၀၀ နဲ့အထက်မှာ (မြန်မာငွေ ၆ သိန်းနဲ့အထက်) ရှိနိုင်တယ်လို့ အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Xiaomi Mi 10 Pro ထက်လည်း ဈေးသက်သာမှာ ဖြစ်ပါတယ်။

Ref: GSM Arena