Xiaomi ဟာ Consumer အီလက်ထရောနစ် ပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချနေပြီး အခုတော့ လျှပ်စစ်ကား နယ်ပယ်ကို ပစ်မှတ်ထားနေပါတယ်။ Xiaomi ရဲ့ MS11 လျှပ်စစ်ကားရဲ့ သတင်းတွေ များစွာ ထွက်ပေါ်နေတာ ကြာပါပြီ။

တခြားနိုင်ငံတွေမှာလိုပဲ တရုတ်မှာလည်း လျှပ်စစ်ကား ထုတ်လုပ်ဖို့ ခွင့်ပြုချက်တွေကို အာဏာပိုင်တွေထံက တောင်းခံကြရပြီး Xiaomi ကလည်း ဘေဂျင်းရဲ့ ခွင့်ပြုချက်ကို စောင့်နေပါတယ်။ အဲဒီအချိန်မှာပဲ Xiaomi ဟာ လျှပ်စစ်ကားကို စောစော ရောင်းချနိုင်ဖို့ တခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

Xiaomi-Car

မကြာခင်က သတင်းအရ Xiaomi ဟာ Brilliance Auto, Chery နဲ့ Beijing Automotive Group တို့ အပါအဝင် ကား ထုတ်လုပ်သူများစွာနဲ့ ဆွေးနွေးနေပါတယ်။ ဘယ်ကုမ္ပဏီနဲ့ Xiaomi လက်တွဲမလဲ ဆိုတာ မသေချာသေးပေမယ့် Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို ဖြတ်လမ်းနည်းနဲ့ ဝင်ရောက်ချင်နေပုံရပါတယ်။

First electric car from Xiaomi will be a 4-door sedan with LiDAR - ArenaEV

Xiaomi ဟာ လျှပ်စစ်ကား စီမံကိန်းအတွက် အင်ဂျင်နီယာနဲ့ ဝန်ထမ်းများစွာကို ခေါ်ယူထားပါတယ်။ Xiaomi CEO Lei Jun က လျှပ်စစ်ကား စီမံကိန်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီဟာ နောက်နှစ်မှာ ပထမဆုံး လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

နာမည်ရှိပြီးသား ကားထုတ်လုပ်သူနဲ့ Xiaomi ပူးပေါင်းခြင်းဖြင့် လျှပ်စစ်ကား စီမံကိန်းကို အရှိန်မြှင့်နိုင်မှာပါ။ Xiaomi ဟာ ပါတနာရဲ့ ကားထုတ်လုပ်မှု၊ ဒီဇိုင်းနဲ့ Supply Chain စီမံခန့်ခွဲမှုတွေကို ရနိုင်ပါတယ်။ ပါတနာ အနေနဲ့လည်း Xiaomi ရဲ့ Consumer အီလက်ထရောနစ်မှာ ကျွမ်းကျင်မှုနဲ့ Software Development တွေကို ရနိုင်တဲ့အတွက် အကျိုးရှိပါတယ်။

Xiaomi ဟာ အခုလို ကား ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းနေတဲ့အတွက် Xiaomi ရဲ့ ပထမဆုံး လျှပ်စစ်ကားဟာ ထင်ထားတာထက် စောစွာ ထွက်လာနိုင်ပါတယ်။

Ref : gizmochina