Zawgyi
Android ဗားရွင္းအသစ္ျဖစ္တဲ့ Android 9.0 ေခၚ Android Pie ဟာ Google ရဲ႕ Pixel ဖုန္းေတြအတြက္ ၾသဂုတ္လ ကတည္းက ရရွိေနခဲ့တာပါ။ Pixel ဖုန္းေတြအျပင္ တစ္ျခား Android ဖုန္းေတြအတြက္လည္း တစ္ျဖည္းျဖည္းနဲ႔ ထြက္ရွိလို႔လာခဲ့ပါတယ္။ Android ဗားရွင္းတစ္ခုကေန တစ္ခုေျပာင္းတဲ့အခါ Xiaomi, Huawei နဲ႔ Sony တို႔လို ကိုယ္ပိုင္ Android Skin ေတြအသံုးျပဳေလ့ရွိတဲ့ OEM ေတြအတြက္ အေတာ္ေလး ခက္ခဲျပီး အခ်ိန္ၾကာျမင့္ေလ့ရွိပါတယ္။ Android One ဖုန္းေတြျဖစ္တဲ့ Motorola နဲ႔ OnePlus လို ဖုန္းေတြအတြက္ကေတာ့ Android P အေစာဆံုးရရွိတာေတြ႔ရပါတယ္။ ကိုယ္ပိုင္ Android Skin ေတြနင္းကန္သံုးေလ အဆိုပါဖုန္းေတြအတြက္ Android ဗားရွင္းအသစ္ ေရးဆြဲရတာ ေႏွာင့္ေႏွးၾကန္႔ၾကာေလ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ MIUI အသံုးျပဳထားတဲ့ Xiaomi ဖုန္းတစ္ခ်ိဳ႕ဆိုရင္ အခုထက္ထိ Android 8 Oreo မရေသးတာကို ေတြ႔ရပါတယ္။ Sony ဖုန္းေတြကေတာ့ Android ဖုန္းေတြထဲမွာ Software Update ေနာက္အက်ဆံုးဖုန္းေတြျဖစ္ျပီး HTC လည္းထိုနည္း၄င္းပါပဲ။ ဒါေပမယ့္ Google ကေန အဆိုပါ ျပႆနာကို ေျဖရွင္းဖို႔ အတြက္ Project Treble ဆိုတဲ့ Software Update Tool တစ္ခုကို Developer ေတြဆီ ျဖန္႔ေဝေပးခဲ့ပါတယ္။ အဲ့အတြက္ေၾကာင့္ Samsung, Sony နဲ႔ HTC လို Android Update ေနာက္က်တဲ့ OEM ေတြအတြက္ အရမ္းကိုအဆင္ေျပလာပါတယ္။ အခုဆိုရင္ Sony ရဲ႕ XZ Premium, XZ1 နဲ႔ XZ1 Compact တို႔အတြက္ Android Pie Update ထြက္ေပၚလို႔လာပါျပီ။
Sony ကေန XZ2 နဲ႔ XZ2 Compact တို႔အတြက္ Android Pie Update ကိုအရင္ဆံုးထုတ္ေပးခဲ့တာျဖစ္ျပီး XZ Premium, XZ1 နဲ႔ ZZ1 Compact တို႔အတြက္ေတာ့ မၾကာခင္ ရရွိေတာ့မယ္လို႔ ကတိေပးထားခဲ့တာပါ။ ကတိေပးထားတဲ့ အတိုင္းပဲ အခုေတာ့ XZ Premium, XZ1 နဲ႔ XZ1 Compact တို႔အတြက္ Android Pie ရရွိလာပါျပီ။ အဆိုပါ Android Pie Update ဟာ Build Number 47.2.A.0.306 နဲ႔ ထြက္ရွိလာတာျဖစ္ျပီး Security Patch ကေတာ့ ေအာက္တိုဘာ Security Patch နဲ႔ျဖစ္ပါတယ္။ ႏိုဝင္ဘာလ ေရာက္ေနေပမယ့္ ေအာက္တိုဘာ Security Patch နဲ႔ထြက္လာရတဲ့ အေၾကာင္းအရင္းကေတာ့ အဆိုပါ Update ကို ေအာက္တိုဘာလ အတြင္းမွာ ထုတ္ေပးဖို႔ စီစဥ္ထားေပးမယ့္ Bug Fixing နဲ႔ တစ္ခ်ိဳ႕ အရာေလးေတြ ျပင္ဆင္ေနတာေၾကာင့္ အခုလို ေအာက္တိုဘာ Security Patch နဲ႔ထြက္လာရတာပါ။
အဆိုပါ Update အသစ္မွာ Android Pie ရဲ႕ Feature အသစ္ေတြျဖစ္တဲ့ Adaptive Battery နဲ႔ တစ္ျခား Feature ေတြအေတာ္မ်ားမ်ားပါဝင္လာပါတယ္။ Full HD 960fps နဲ႔ Slow Motion ဗီဒီယိုေတြ ရိုက္ကူးႏိုင္လာျပီး ဒီဇိုင္းအသစ္နဲ႔ Camera App အပါအဝင္ HDR Video Image Enhancement လို Sony ရဲ႕ကိုယ္ပိုင္ Software Update အသစ္ေတြပါဝင္လာပါတယ္။ ဒါေပမယ့္လည္း Google ရဲ႕ Navigation Gesture ေတာ့ပါဝင္လာျခင္းမရွိပါဘူး။ ဘာေၾကာင့္ အခုလို Android အသံုးျပဳသူတိုင္း ေစာင့္ေမွ်ာ္ေနၾကတဲ့ Navigation Gesture အသစ္ကို ထည့္သြင္းမေပးထားလည္း ဆိုတာေတာ့ စဥ္းစားလို႔မရပါဘူး။ တစ္ကယ္လို႔ သင္သာ XZ Premium, XZ1 နဲ႔ XZ1 Compact အသံုးျပဳေနတဲ့ သူသာဆိုရင္ ပိုမိုေကာင္းမြန္လာတဲ့ ကင္မရာ အရည္အေသြးအနဲ႔ Android Pie Feature ေတြကို အသံုးျပဳႏိုင္ဖို႔ အခုခ်က္ခ်င္း Update ျပဳလုပ္သင့္ပါတယ္။
Ref: XDA
Unicode
Android ဗားရှင်းအသစ်ဖြစ်တဲ့ Android 9.0 ခေါ် Android Pie ဟာ Google ရဲ့ Pixel ဖုန်းတွေအတွက် သြဂုတ်လ ကတည်းက ရရှိနေခဲ့တာပါ။ Pixel ဖုန်းတွေအပြင် တစ်ခြား Android ဖုန်းတွေအတွက်လည်း တစ်ဖြည်းဖြည်းနဲ့ ထွက်ရှိလို့လာခဲ့ပါတယ်။ Android ဗားရှင်းတစ်ခုကနေ တစ်ခုပြောင်းတဲ့အခါ Xiaomi, Huawei နဲ့ Sony တို့လို ကိုယ်ပိုင် Android Skin တွေအသုံးပြုလေ့ရှိတဲ့ OEM တွေအတွက် အတော်လေး ခက်ခဲပြီး အချိန်ကြာမြင့်လေ့ရှိပါတယ်။ Android One ဖုန်းတွေဖြစ်တဲ့ Motorola နဲ့ OnePlus လို ဖုန်းတွေအတွက်ကတော့ Android P အစောဆုံးရရှိတာတွေ့ရပါတယ်။ ကိုယ်ပိုင် Android Skin တွေနင်းကန်သုံးလေ အဆိုပါဖုန်းတွေအတွက် Android ဗားရှင်းအသစ် ရေးဆွဲရတာ နှောင့်နှေးကြန့်ကြာလေ ဖြစ်ပါတယ်။ တစ်ချို့ MIUI အသုံးပြုထားတဲ့ Xiaomi ဖုန်းတစ်ချို့ဆိုရင် အခုထက်ထိ Android 8 Oreo မရသေးတာကို တွေ့ရပါတယ်။ Sony ဖုန်းတွေကတော့ Android ဖုန်းတွေထဲမှာ Software Update နောက်အကျဆုံးဖုန်းတွေဖြစ်ပြီး HTC လည်းထိုနည်း၎င်းပါပဲ။ ဒါပေမယ့် Google ကနေ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ အတွက် Project Treble ဆိုတဲ့ Software Update Tool တစ်ခုကို Developer တွေဆီ ဖြန့်ဝေပေးခဲ့ပါတယ်။ အဲ့အတွက်ကြောင့် Samsung, Sony နဲ့ HTC လို Android Update နောက်ကျတဲ့ OEM တွေအတွက် အရမ်းကိုအဆင်ပြေလာပါတယ်။ အခုဆိုရင် Sony ရဲ့ XZ Premium, XZ1 နဲ့ XZ1 Compact တို့အတွက် Android Pie Update ထွက်ပေါ်လို့လာပါပြီ။
Sony ကနေ XZ2 နဲ့ XZ2 Compact တို့အတွက် Android Pie Update ကိုအရင်ဆုံးထုတ်ပေးခဲ့တာဖြစ်ပြီး XZ Premium, XZ1 နဲ့ ZZ1 Compact တို့အတွက်တော့ မကြာခင် ရရှိတော့မယ်လို့ ကတိပေးထားခဲ့တာပါ။ ကတိပေးထားတဲ့ အတိုင်းပဲ အခုတော့ XZ Premium, XZ1 နဲ့ XZ1 Compact တို့အတွက် Android Pie ရရှိလာပါပြီ။ အဆိုပါ Android Pie Update ဟာ Build Number 47.2.A.0.306 နဲ့ ထွက်ရှိလာတာဖြစ်ပြီး Security Patch ကတော့ အောက်တိုဘာ Security Patch နဲ့ဖြစ်ပါတယ်။ နိုဝင်ဘာလ ရောက်နေပေမယ့် အောက်တိုဘာ Security Patch နဲ့ထွက်လာရတဲ့ အကြောင်းအရင်းကတော့ အဆိုပါ Update ကို အောက်တိုဘာလ အတွင်းမှာ ထုတ်ပေးဖို့ စီစဉ်ထားပေးမယ့် Bug Fixing နဲ့ တစ်ချို့ အရာလေးတွေ ပြင်ဆင်နေတာကြောင့် အခုလို အောက်တိုဘာ Security Patch နဲ့ထွက်လာရတာပါ။
အဆိုပါ Update အသစ်မှာ Android Pie ရဲ့ Feature အသစ်တွေဖြစ်တဲ့ Adaptive Battery နဲ့ တစ်ခြား Feature တွေအတော်များများပါဝင်လာပါတယ်။ Full HD 960fps နဲ့ Slow Motion ဗီဒီယိုတွေ ရိုက်ကူးနိုင်လာပြီး ဒီဇိုင်းအသစ်နဲ့ Camera App အပါအဝင် HDR Video Image Enhancement လို Sony ရဲ့ကိုယ်ပိုင် Software Update အသစ်တွေပါဝင်လာပါတယ်။ ဒါပေမယ့်လည်း Google ရဲ့ Navigation Gesture တော့ပါဝင်လာခြင်းမရှိပါဘူး။ ဘာကြောင့် အခုလို Android အသုံးပြုသူတိုင်း စောင့်မျှော်နေကြတဲ့ Navigation Gesture အသစ်ကို ထည့်သွင်းမပေးထားလည်း ဆိုတာတော့ စဉ်းစားလို့မရပါဘူး။ တစ်ကယ်လို့ သင်သာ XZ Premium, XZ1 နဲ့ XZ1 Compact အသုံးပြုနေတဲ့ သူသာဆိုရင် ပိုမိုကောင်းမွန်လာတဲ့ ကင်မရာ အရည်အသွေးအနဲ့ Android Pie Feature တွေကို အသုံးပြုနိုင်ဖို့ အခုချက်ချင်း Update ပြုလုပ်သင့်ပါတယ်။
Ref: XDA