RAM ဟာ ပီစီနဲ့ စမတ်ဖုန်းတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ နေ့စဉ် အလုပ်အများစုအတွက် 8GB RAM က လုံလောက်ပါတယ်။ Gaming  နဲ့ Video Editing အတွက်တောင် 16GB က ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်က စမတ်ဖုန်းကုမ္ပဏီတွေဟာ စွမ်းရည်မြင့် ဖုန်းတွေမှာ 24GB RAM ထည့်သွင်းထားကြပြီး အဲဒီထက်ပိုများတဲ့ RAM ကို တပ်ဆင်ဖို့ ကြိုးစားနေကြပါတယ်။

32GB RAM on phones

Digital Chat Station က 32GB RAM ပါတဲ့ စမတ်ဖုန်းတွေကို စမ်းသပ်နေကြတယ်လို့ ပြောပါတယ်။ တရုတ် Tipster က 32GB RAM ပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေတဲ့ Brand ကို မပြောပါဘူး။ အရင် ထုံးစံအရ အဲဒီ ကုမ္ပဏီတွေဟာ realme , OnePlus နဲ့ Nubia တို့ ဖြစ်နိုင်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ 24GB RAM ပါတဲ့ ဖုန်းတွေကို ထုတ်လုပ်ထားကြပြီး Red Magic 8S Pro ဟာ ပထမဆုံးဖုန်း ဖြစ်ခဲ့ပါတယ်။ OnePlus Ace 2 Pro နဲ့ realme GT 5 မှာလည်း 24GB RAM ပါလာကြပါတယ်။

Your next smartphone could have a whopping 32GB of RAM, but is that overkill?  - Gizmochina

Foldable ဖုန်းတွေဟာ တစ်ချိန်ထဲမှာ အလုပ်များစွာကို ပြုလုပ်ဖို့ ဖန်တီးထားတာ ဖြစ်တဲ့အတွက် အဲဒီဖုန်းတွေမှာ RAM ပမာဏများများ ထည့်ပေးထားတာက အသုံးဝင်ပါတယ်။ Gaming ဖုန်းတွေမှာလည်း RAM ပမာဏများများပါတာ ကောင်းပါတယ်။

ဒါပေမယ့် 32GB RAM ကို ဖုန်းမှာ ထည့်သွင်းထားမှာက ဘယ်လို အသုံးဝင်မလဲဆိုတာ မေးစရာရှိပါတယ်။ ဖုန်းထက် စွမ်းရည်ပိုမြင့်တဲ့ ပီစီတွေမှာတောင် 32GB RAM က များပြားနေပါတယ်။

Ref : gizmochina