Zawgyi

မေန႔က Huawei ဟာ သူတုိ႔ရဲ႕ Mate 20 X 5G ဟန္းဆက္အသစ္ကို တရုတ္ျပည္တြင္းမွာ မိတ္ဆက္ဖို႔ ဖိတ္စာေတြ ပို႔ခဲ့သလို ဒီေန႔မွာေတာ့ ZTE ကလည္း 5G ၿပိဳင္ပြဲထဲကို ပါဝင္လာပါၿပီ။ သူတုိ႔ကေတာ့ 2019 MWC ပြဲမွာ Axon 10 Pro 5G ဟန္းဆက္ကို မိတ္ဆက္ခဲ့တာျဖစ္ၿပီး ၾသဂုတ္လ ၅ ရက္ေန႔မွာ တရုတ္ျပည္တြင္းမွာ ထပ္မံမိတ္ဆက္လာမွာျဖစ္ပါတယ္။

ဒီဖုန္းက ပုံမွန္ဗားရွင္း Axon 10 Pro နဲ႔အနည္းငယ္ကြာျခားမွာျဖစ္ၿပီး RAM မန္မုိရီပုိပါဝင္လာသလုိ Snapdragon X50 Modem လည္း ထည့္သြင္းလာမွာပါ။ ဒါေပမယ့္ ပုံမွန္နဲ႔ 5G ေမာ္ဒယ္ေတြအၾကား အဓိက ကြာျခားမႈက ေစ်းႏႈန္းျဖစ္ပါတယ္။ ZTE ဟာ ဟန္းဆက္အသစ္ကို တရုတ္ယြမ္ေငြ ၄,၉၉၉ (ျမန္မာေငြ ၁၁ သိန္းနီးပါး) နဲ႔ကမ္းလွမ္းလာၿပီး 5G မပါရင္ေတာ့ တရုတ္ယြမ္ ၃၁၉၉ (ျမန္မာေငြ ၇ သိန္းခန္႔) သာရွိပါတယ္။

ဒီေစ်းႏႈန္းအတြက္ 6.47” Curved Screen နဲ႔ Full HD+ Resolution ပါဝင္တဲ့ AMOLED Display တစ္ခုကို ျပန္လည္ရရွိမွာျဖစ္ၿပီး Fingerprint တစ္ခုလည္း Display ေအာက္မွာပါဝင္လာတယ္။ ေနာက္ဘက္က ကင္မရာသုံးခုက 48MP + 8MP Telephoto + 20MP Wide-angle ဆုိၿပီး ျပည့္စုံတဲ့ တြဲဖက္ျဖစ္ပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ကာ Quick Charge 4+ အားအျမန္သြင္းစနစ္ပါဝင္တယ္။

Axon 10 Pro ဟန္းဆက္ဟာ 6/128GB, 8 / 256GB နဲ႔ 12/256GB ဆုိၿပီး မန္မုိရီအတြဲသုံးမ်ဳိးျဖင့္ ေရာင္းခ်ေနေပမယ့္ 5G ဗားရွင္းကိုေတာ့ မန္မုိရီပိုင္း ေလ်ာ့ခ်ၿပီး ပြဲထုတ္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

မနေ့က Huawei ဟာ သူတို့ရဲ့ Mate 20 X 5G ဟန်းဆက်အသစ်ကို တရုတ်ပြည်တွင်းမှာ မိတ်ဆက်ဖို့ ဖိတ်စာတွေ ပို့ခဲ့သလို ဒီနေ့မှာတော့ ZTE ကလည်း 5G ပြိုင်ပွဲထဲကို ပါဝင်လာပါပြီ။ သူတို့ကတော့ 2019 MWC ပွဲမှာ Axon 10 Pro 5G ဟန်းဆက်ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ ထပ်မံမိတ်ဆက်လာမှာဖြစ်ပါတယ်။

ဒီဖုန်းက ပုံမှန်ဗားရှင်း Axon 10 Pro နဲ့အနည်းငယ်ကွာခြားမှာဖြစ်ပြီး RAM မန်မိုရီပိုပါဝင်လာသလို Snapdragon X50 Modem လည်း ထည့်သွင်းလာမှာပါ။ ဒါပေမယ့် ပုံမှန်နဲ့ 5G မော်ဒယ်တွေအကြား အဓိက ကွာခြားမှုက စျေးနှုန်းဖြစ်ပါတယ်။ ZTE ဟာ ဟန်းဆက်အသစ်ကို တရုတ်ယွမ်ငွေ ၄,၉၉၉ (မြန်မာငွေ ၁၁ သိန်းနီးပါး) နဲ့ကမ်းလှမ်းလာပြီး 5G မပါရင်တော့ တရုတ်ယွမ် ၃၁၉၉ (မြန်မာငွေ ၇ သိန်းခန့်) သာရှိပါတယ်။

ဒီစျေးနှုန်းအတွက် 6.47” Curved Screen နဲ့ Full HD+ Resolution ပါဝင်တဲ့ AMOLED Display တစ်ခုကို ပြန်လည်ရရှိမှာဖြစ်ပြီး Fingerprint တစ်ခုလည်း Display အောက်မှာပါဝင်လာတယ်။ နောက်ဘက်က ကင်မရာသုံးခုက 48MP + 8MP Telephoto + 20MP Wide-angle ဆိုပြီး ပြည့်စုံတဲ့ တွဲဖက်ဖြစ်ပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ကာ Quick Charge 4+ အားအမြန်သွင်းစနစ်ပါဝင်တယ်။

Axon 10 Pro ဟန်းဆက်ဟာ 6/128GB, 8 / 256GB နဲ့ 12/256GB ဆိုပြီး မန်မိုရီအတွဲသုံးမျိုးဖြင့် ရောင်းချနေပေမယ့် 5G ဗားရှင်းကိုတော့ မန်မိုရီပိုင်း လျော့ချပြီး ပွဲထုတ်လာနိုင်ပါတယ်။

Ref – GSM Arena