Zawgyi

ZTE ကေန အခုေနာက္ပိုင္းမွာ Red Magic 3 Gaming Phone နဲ႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ စမတ္ဖုန္းေစ်းကြက္ကုိ ေနရာျပန္ယူလာတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ZTE ကေန Gaming Phone မဟုတ္တဲ့ Flagship ဖုန္းတစ္ခုကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။

ZTE ရဲ႕ Flagship ဖုန္းကို Nubia Z20 လုိ႔နာမည္ေပးထားျပီးေတာ့ လာမယ့္ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမယ္လုိ႔ ေၾကညာထားျပီးျဖစ္ပါတယ္။ အေစာပိုင္းတုန္းကလည္း ဒီ ZTE Nubia Z20 စမတ္ဖုန္းနဲ႔ ရုိက္ကူးထားတဲ့ ဓါတ္ပံုအခ်ိဳ႕ကို Weibo မွာတင္ထားခဲ့ပါေသးတယ္။

အခုလည္း Nubia ရဲ႕ Co-founder ကေန ဒီ ZTE Nubia Z20 နဲ႔ ရုိက္ကူးထားတဲ့ ဓါတ္ပံု ၂ ပံုကို Weibo မွာ တင္ထားခဲ့ျပီး ဖုန္းရဲ႕ Zoom ပိုင္းစြမ္းေဆာင္ရည္ကို ျပသသြားခဲ့ပါတယ္။ Zoom လုပ္ထားတဲ့ ဓါတ္ပံုဟာ သံုးသပ္သူေတြရဲ႕ ေျပာၾကားခ်က္အရ လက္ရွိေတြ႕ရတဲ့ 10x Hybrid Zoom ေတြထက္ Quality ပိုေကာင္းေနျပီး 20x Hybrid Zoom ျဖစ္လာႏုိင္တယ္လုိ႔ သိရပါတယ္။

ဒီသတင္းသာတကယ္ဆုိရင္ေတာ့ ZTE Nubia Z20 ဟာ လက္ရွိစမတ္ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ 20x Hybrid Zoom ရုိက္ကူးႏုိင္တဲ့ဖုန္းျဖစ္လာမွာပါ။ အေစာပိုင္းတုန္းက ZTE ကေန 20x Hybrid Zoom အတြက္ မူပိုင္ခြင့္ရယူထားတာရွိတဲ့အတြက္ တကယ္ျဖစ္လာဖုိ႔မ်ားေနပါတယ္။

ဒါ့အျပင္ ဒီ ZTE Nubia Z20 ဖုန္းက Notch ပါဝင္မွာမဟုတ္တဲ့အတြက္ Pop-up Camera ကို အသံုးျပဳလာႏုိင္ျပီး Primary Back Camera က လက္ရွိစမတ္ဖုန္းအမ်ားစုမွာ အသံုးျပဳေနသလုိပဲ 48MP Sensor ျဖစ္လာဖို႔မ်ားေနပါတယ္။

Ref – GSM Arena

Unicode

ZTE ကနေ အခုနောက်ပိုင်းမှာ Red Magic 3 Gaming Phone နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းဈေးကွက်ကို နေရာပြန်ယူလာတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ZTE ကနေ Gaming Phone မဟုတ်တဲ့ Flagship ဖုန်းတစ်ခုကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အခု ZTE ရဲ့ Flagship ဖုန်းကိုတော့ Nubia Z20 လို့နာမည်ပေးထားပြီးတော့ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း ဒီ ZTE Nubia Z20 စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို Weibo မှာတင်ထားခဲ့ပါသေးတယ်။

အခုလည်း Nubia ရဲ့ Co-founder ကနေ ဒီ ZTE Nubia Z20 နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၂ ပုံကို Weibo မှာ တင်ထားခဲ့ပြီး ဖုန်းရဲ့ Zoom ပိုင်းစွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။ အခု Zoom လုပ်ထားတဲ့ ဓါတ်ပုံဟာ သုံးသပ်သူတွေရဲ့ ပြောကြားချက်တော့ လက်ရှိတွေ့ရတဲ့ 10x Hybrid Zoom တွေထက် Quality ပိုကောင်းနေပြီး 20x Hybrid Zoom ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းသာတကယ်ဆိုရင်တော့ ZTE Nubia Z20 ဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 20x Hybrid Zoom ရိုက်ကူးနိုင်တဲ့ဖုန်းဖြစ်လာမှာပါ။ အစောပိုင်းတုန်းက ZTE ကနေ 20x Hybrid Zoom အတွက် မူပိုင်ခွင့်ရယူထားတာရှိတဲ့အတွက် တကယ်ဖြစ်လာဖို့များနေပါတယ်။

ဒါ့အပြင် ဒီ ZTE Nubia Z20 ဖုန်းက Notch ပါဝင်မှာမဟုတ်တဲ့အတွက် Pop-up Camera ကို အသုံးပြုလာနိုင်ပြီး Primary Back Camera က လက်ရှိစမတ်ဖုန်းအများစုမှာ အသုံးပြုနေသလိုပဲ 48MP Sensor ဖြစ်လာဖို့များနေပါတယ်။

Ref – GSM Arena