Zawgyi

ZTE Nubia Z20 ဖုန္းဟာ လာမယ့္ၾသဂုတ္လ ၈ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး တေျဖးေျဖးနဲ႔ စိတ္ဝင္စားစရာ အခ်က္အလက္ေတြကို ဖြင့္ဟလာပါတယ္။ အဆုိပါအမွတ္တံဆိပ္ရဲ႕ ဥကၠဌျဖစ္သူ Ni Fei ဟာ မၾကာခင္ထြက္လာမယ့္ ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္တစ္ခ်ဳိ႕ကို ဂလုိဘယ္မိုဘုိင္းအင္တာနက္ကြန္ဖရင့္ ေတြ႕ဆုံပြဲႀကီးမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သူ႕ရဲ႕ေျပာစကားအရ Z20 ဖုန္းဟာ Flexible Display နဲ႔ျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္ ဖုန္းကို Flexible ျဖစ္တယ္လို႔ ေျပာတာမဟုတ္ဘဲ Display ကိုပဲ Flexible လို႔ေျပာသြားတာ သတိထားစရာပါ။ Leak ျဖစ္ထားတဲ့ ဖုန္းရဲ႕ပုံထဲမွာလည္း ေခါက္ခ်ဳိးဖုန္းပုံမဟုတ္တာ သိသာပါတယ္။ ဒါေၾကာင့္ Flexible Screen ဆုိတာဟာ ဖုန္းရဲ႕ေရွ႕ဘက္မ်က္ႏွာျပင္ဟာ ေဘးႏွစ္ဘက္ကို Curved ၿပီးဖုံးအုပ္ထားမယ္လို႔ ယူဆရပါတယ္။

Nubia Z20 ဖုန္းကို ေစာင့္ေမွ်ာ္ရမယ့္ ေနာက္ထပ္အေၾကာင္းတစ္ခုကေတာ့ ဒီဖုန္းဟာ Nubia ကုမၸဏီရဲ႕ ထုတ္ကုန္ေတြထဲမွာ Red Magic 3 ၿပီးရင္ 8K အဆင့္ ဗီဒီယုိေတြ ရုိက္ကူးမွတ္တမ္းတင္ႏုိင္တဲ့ ဒုတိယေျမာက္ဖုန္း ျဖစ္ေနလို႔ပါပဲ။ စမတ္ဖုန္းေတြဟာ ေနာက္ပုိင္းမွာ Video ဖန္တီးရုိက္ကူးသူေတြရဲ႕ လက္စြဲဂတ္ဂ်က္တစ္ခုျဖစ္လာၿပီး Nubia ကလည္း သူ႕ဖုန္းေတြဟာ သုံးစြဲသူေတြအတြက္ ကြာလတီျမင့္ ဝန္ေဆာင္မႈေပးႏုိင္ဖို႔ ရည္ရြယ္ထားေၾကာင္း Ni Fei ကဆုိပါတယ္။

ဒါ့အျပင္ မၾကာေသးခင္ကလည္း ဒီဖုန္းမွာ 20x Zoom နဲ႔ရုိက္ကူးႏုိင္စြမ္းပါလာမယ္လို႔ သတင္းထြက္ထားကာ အစမ္းဓါတ္ပုံေတြလည္း ျမင္ထားရတာေၾကာင့္ Nubia က Z20 ဖုန္းရဲ႕ကင္မရာကို အမွန္အကန္ျပင္ဆင္လာတာ သိသာပါတယ္။

ေနာက္ထပ္သိခြင့္ရခဲ့တာက Z20 ဟာ VR Headset အသစ္တစ္ခုနဲ႔ တြဲဖက္ထြက္ရွိလာမယ္ဆုိတာ ျဖစ္ေပမယ့္ ဘာအတြက္ဆုိတာေတာ့ မသိရေသးပါဘူး။ ဒီအတုိင္းဆုိရင္ေတာ့ ZTE Nubia Z20 ဟာ ထြက္ရွိလာခ်ိန္မွာ စမတ္ဖုန္းေစ်းကြက္က ေစာင့္ၾကည့္ရမယ့္ နည္းပညာသစ္ဖုန္းတစ္ခုလို႔ ဆုိရမွာပါ။

Ref – GSM Arena

Unicode

ZTE Nubia Z20 ဖုန်းဟာ လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး တဖြေးဖြေးနဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို ဖွင့်ဟလာပါတယ်။ အဆိုပါအမှတ်တံဆိပ်ရဲ့ ဥက္ကဌဖြစ်သူ Ni Fei ဟာ မကြာခင်ထွက်လာမယ့် ဖုန်းနဲ့ပတ်သက်တဲ့ အချက်တစ်ချို့ကို ဂလိုဘယ်မိုဘိုင်းအင်တာနက်ကွန်ဖရင့် တွေ့ဆုံပွဲကြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပြောစကားအရ Z20 ဖုန်းဟာ Flexible Display နဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖုန်းကို Flexible ဖြစ်တယ်လို့ ပြောတာမဟုတ်ဘဲ Display ကိုပဲ Flexible လို့ပြောသွားတာ သတိထားစရာပါ။ Leak ဖြစ်ထားတဲ့ ဖုန်းရဲ့ပုံထဲမှာလည်း ခေါက်ချိုးဖုန်းပုံမဟုတ်တာ သိသာပါတယ်။ ဒါကြောင့် Flexible Screen ဆိုတာဟာ ဖုန်းရဲ့ရှေ့ဘက်မျက်နှာပြင်ဟာ ဘေးနှစ်ဘက်ကို Curved ပြီးဖုံးအုပ်ထားမယ်လို့ ယူဆရပါတယ်။

Nubia Z20 ဖုန်းကို စောင့်မျှော်ရမယ့် နောက်ထပ်အကြောင်းတစ်ခုကတော့ ဒီဖုန်းဟာ Nubia ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲမှာ Red Magic 3 ပြီးရင် 8K အဆင့် ဗီဒီယိုတွေ ရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ ဒုတိယမြောက်ဖုန်း ဖြစ်နေလို့ပါပဲ။ စမတ်ဖုန်းတွေဟာ နောက်ပိုင်းမှာ Video ဖန်တီးရိုက်ကူးသူတွေရဲ့ လက်စွဲဂတ်ဂျက်တစ်ခုဖြစ်လာပြီး Nubia ကလည်း သူ့ဖုန်းတွေဟာ သုံးစွဲသူတွေအတွက် ကွာလတီမြင့် ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း Ni Fei ကဆိုပါတယ်။

ဒါ့အပြင် မကြာသေးခင်ကလည်း ဒီဖုန်းမှာ 20x Zoom နဲ့ရိုက်ကူးနိုင်စွမ်းပါလာမယ်လို့ သတင်းထွက်ထားကာ အစမ်းဓါတ်ပုံတွေလည်း မြင်ထားရတာကြောင့် Nubia က Z20 ဖုန်းရဲ့ကင်မရာကို အမှန်အကန်ပြင်ဆင်လာတာ သိသာပါတယ်။

နောက်ထပ်သိခွင့်ရခဲ့တာက Z20 ဟာ VR Headset အသစ်တစ်ခုနဲ့ တွဲဖက်ထွက်ရှိလာမယ်ဆိုတာ ဖြစ်ပေမယ့် ဘာအတွက်ဆိုတာတော့ မသိရသေးပါဘူး။ ဒီအတိုင်းဆိုရင်တော့ ZTE Nubia Z20 ဟာ ထွက်ရှိလာချိန်မှာ စမတ်ဖုန်းဈေးကွက်က စောင့်ကြည့်ရမယ့် နည်းပညာသစ်ဖုန်းတစ်ခုလို့ ဆိုရမှာပါ။

Ref – GSM Arena