ZTE ဟာ စတုတ္ထမျိုးဆက် မျက်နှာပြင်အောက် ကင်မရာပါတဲ့ Nubia Z50 Ultra ကို ကြေညာဖို့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဌာန ဥက္ကဌ Ni Fei က ပြောပါတယ်။ သူက “ Nubia Brand ဟာ စမတ်ဖုန်း လုပ်ငန်းမှာ ဆယ်စုနှစ် ၁ ခုကျော် ရပ်တည်နေတာ ဖြစ်ပြီး Ultra အသစ်မှာ ၆ နှစ်ကြာ တီထွင်ထားတဲ့ နည်းပညာ အသစ် ပါလာမှာပါ။ “ လို့ ပြောပါတယ်။

ZTE to bring nubia Z50 Ultra with 4th-gen under-display camera

Nubia Brand ကို ZTE က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ပြီး တရုတ်က လုပ်ငန်းတွေကို Network Equipment နဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ထိန်းချုပ်ထားပါတယ်။ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ဖုန်းတွေ ထွက်နေတာ ၂ နှစ်ကျော်ကြာပြီ ဖြစ်ပြီး Axon 20 မှာ စတင် မိတ်ဆက်ခဲ့သလို Nubia Brand က ဂိမ်း စမတ်ဖုန်း Red Magic 7 Pro မှာ ထည့်သွင်းပေးခဲ့ပါတယ်။

ZTE to bring nubia Z50 Ultra with 4th-gen under-display camera

Nubia Z50 Ultra ဟာ အဲဒီလုပ်ဆောင်ချက်ပါတဲ့ ပထမဆုံး ဘက်စုံ စွမ်းရည်မြင့် ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Ni ရဲ့ အဲဒီဖုန်း အပေါ် ကြွားဝါမှုဟာ အံ့အားသင့်စရာ မကောင်းပါဘူး။ အဲဒီဖုန်းရဲ့ ပုံကြမ်းတွေကို Digital Chat Station က မျှဝေခဲ့ဖူးပြီး ထောင့်စွန်းတွေက ချွန်ကာ ဘေးဘက်တွေက ပြားချပ်ပါတယ်။ ကင်မရာ Island က လေးထောင့်ပုံ ဖြစ်ပြီး ပင်မ ကင်မရာကို ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။

အဲဒီပုံတွေအရ Notification/Alert Slider ပါလာမှာ ဖြစ်ပြီး အောက်ခြေမှာ စပီကာအပေါက်၊ SIM Slot နဲ့ USB-C Port တပ်ဆင်ထားပါတယ်။ ထိပ်ဖက်မှာ IR Blaster ထည့်သွင်းထားပြီး နောက်လမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena