Android OS ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Mobile Operating System တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ဖြစ်လာတာကလည်း Android OS သုံးဖုန်းတွေကို ထုတ်လုပ်နေတဲ့သူတွေမျိုးစုံရှိနေပြီးတော့ ဖုန်းအသုံးပြုနေတဲ့သူတွေကလည်း အများအပြားရှိနေတာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာတော့ တကယ်လို့ Android ဖုန်းအသစ်ဝယ်ယူပြီးသွားပြီဆိုရင် စစခြင်းလုပ်ဆောင်သင့်တဲ့ အချက် ၃ ချက်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(1) Google Assistant

Google Assistant ကဘာတွေလုပ်ပေးနိုင်မလဲဆိုရင် ကိုယ်သိချင်တဲ့ မေးခွန်းတွေကို မေးမြန်းနိုင်တာ၊ ရာသီဥတုအခြေအနေတွေကို သိနိုင်တာတွေအပြင် ကိုယ့်ဖုန်းကိုလည်း ခိုင်းစေမှုတွေပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

တကယ်လို့ Google Assistant ကို စတင်အသုံးပြုတော့မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် စမတ်ဖုန်းအများစုမှာ Home Key ကို ဖိထားပြီး ကိုယ့် အသံကို Register ပြုလုပ်လိုက်တာနဲ့ အသုံးပြုလို့ရမှာပါ။

(2) Smart Lock

Smart Lock ဆိုတာကတော့ Android Devices တွေရဲ့နောက်ထပ် Feature တစ်ခုဖြစ်ပြီးတော့ သီးခြား Lock လုပ်တဲ့ နည်းစနစ်တွေပဲဖြစ်ပါတယ်။ အခု Smart Lock Feature မှာဆိုရင် လက်က ကိုင်ထားတာနဲ့ Lock ပွင့်နေစေတဲ့ On-body Detection ၊ သတ်မှတ်ထားတဲ့နေရာရောက်တာနဲ့ Unlock ဖြစ်နေစေတဲ့ Trusted Places ၊ Bluetooth Device တစ်ခုခုနဲ့ ချိတ်ဆက်ပြီး Unlock လုပ်နိုင်တဲ့ Trusted Devices စတဲ့ Feature တွေအများအပြားပါဝင်မှာပါ။

အခု Smart Lock Feature ဟာ လုံခြုံစိတ်ချရမှုအပိုင်းမှာတော့ အားနည်းပေမယ့် အလွန်လွယ်ကူချောမွေ့စေတဲ့ နည်းစနစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

(3) Find Device

ကိုယ်အခုမှ ဝယ်လာတဲ့ ဖုန်းအသစ်ကို ဘယ်သူမှ ပျောက်သွားမှာမျိုးကို လိုလားကြမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် Google Play Store ကနေ Find Device Application ကို Download လုပ်ပြီး Account ဝင်ထားလိုက်တာနဲ့ နောက်ပိုင်းမှာ Web Browser ကနေ ကိုယ့်ဖုန်းက ဘယ်မှာရှိနေသလဲဆိုတာကို ချက်ချင်းပြန်ရှာနိုင်မှာပါ။ မိမိ ရှာလိုတဲ့ ဖုန်းမှာ GPS ဖွင့်ထားပြီး Internet connection ရှိမှာသာ နေရာမှန်ကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။