တစ်ရက်တစ်ရက် အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ် ဘယ်တစ်ခုပြီး ဘာဆက်လုပ်ရမလဲဆိုတာကို မေ့သွားတာမျိုးကြုံဖူးပါသလား? တကယ်လို့ ကြုံဖူးတယ်ဆိုရင် အခုလိုမျိုး ဖြစ်တာကနေ ရှောင်ရှားနိုင်တဲ့နည်းလမ်းတစ်ခုကို အကြံပေးသွားမှာပဲဖြစ်ပါတယ်။

အခုပြောပြသွားမယ့် နည်းလမ်းဟာဆိုရင် ခက်ခဲတဲ့နည်းလမ်းမဟုတ်ဘဲ ကိုယ့် Android ပဲဖြစ်ဖြစ်၊ iPhone ပဲဖြစ်ဖြစ် ဖုန်းမှာ Application တစ်ခုသွင်းလိုက်တာနဲ့ ဖြေရှင်းပြီးဖြစ်သွားမှာပါ။ အခုလိုမျိုး သွင်းရမယ့် Application ကတော့ Google က ထုတ်လုပ်ထားတဲ့ Tasks Application ပဲဖြစ်ပါတယ်။

အခု Google Tasks Application ကို Google Play Store ကနေပဲဖြစ်ဖြစ်၊ Apple App Store ကပဲဖြစ်ဖြစ် အခမဲ့ Download ဆွဲနိုင်မှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ Google Account နဲ့ ဝင်ရောက်ရမှာပဲဖြစ်ပါတယ်။ ဝင်ရောက်ပြီးတဲ့အချိန်မှာတော့ Add A New Task ကနေပဲ ကိုယ်လုပ်ဖို့ရှိနေတဲ့အရာတစ်ခုကို ရေးသားလိုက်ရုံပါပဲ။

အခု Google Tasks App ရဲ့ အားသာချက်ကတော့ Google Account နဲ့ ချိတ်ဆက်ထားတဲ့အတွက် Devices တွေမျိုးစုံမှာ Google Account ဝင်လိုက်တာနဲ့ To-do List ကို ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် List နဲ့လည်း ခွဲခြားထားနိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ To-do List Application တစ်ခုကို ရှာနေတယ်ဆိုရင်တော့ Google Tasks App က အကောင်းဆုံးလို့ ပြောရမှာပါ။