Android ဖုန်းတွေက Open Source ဖြစ်ပြီးတော့ ကိုယ်အလိုရှိသလို ပြင်ဆင်နိုင်တဲ့အတွက် ဖုန်းကို သေချာကလိချင်သူတွေအတွက် အကောင်းဆုံးဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် Android ဖုန်းတွေအသုံးပြုနေတဲ့သူအများစုဟာ သူတို့ Android ဖုန်းတွေကို သုံးရတာပိုကောင်းအောင် ပြုလုပ်ပေးနိုင်တဲ့ Tricks တွေကို မသိရှိကြသေးပါဘူး။ အဲ့တော့ကာ ဖုန်းကို သုံးနေပေမယ့်လည်း ဖုန်းမှာ အသုံးပြုနိုင်တဲ့ Feature တွေကို သေချာမသိကြတာများပါတယ်။

အဲ့ဒီအတွက် ကိုယ့် Android ဖုန်းကို ပိုပြီး မြန်ဆန်အောင်ပြုလုပ်ပေးမယ့် Ticks ၅ ခုကို ဖော်ပြလိုက်ပါတယ်။

1. Recent Apps ကနေ Application တွေရဲ့ Info ကိုဝင်ရောက်ခြင်း

Application တစ်ခုခုရဲ့ Data ဘယ်လောက်နေရာယူထားလဲ? ဒါမှမဟုတ် Background မှာ Run နေသလားဆိုတာကို Setting ထဲမှာရှိတဲ့ Application Info ကနေ ကြည့်ရှုလို့ရပါတယ်။ ဒါပေမယ့် Setting ထဲထိသွားစရာမလိုပဲ Recent ကို နှိပ်ပြီး Multitasking View မှာ Application တစ်ခုကို ဖိထားလိုက်ရင် App Info ထဲဝင်ရောက်သွားမှာပါ။

2. Mobile Data ကို နောက်ကွယ်မှာ မသုံးနေအောင် ပိတ်မယ်

တကယ်လို့ ကိုယ်က Mobile Data နဲ့ အဓိက အင်တာနက်သုံးနေတာဆိုရင် ကိုယ်မသိပဲ အနောက်မှာ Battery စားနေတဲ့ Background Process တစ်ခုခု Run နေတာဆိုရင် Mobile Data တွေအများကြီးကုန်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Setting – Data Usage – Data Saver ကို On ထားတာက Background မှာ Mobile Data စားသုံးမှုကို လျော့ချပေးမှာပါ။

3. Lock Screen မှာ Notification တွေကို အသေးစိတ်မမြင်ရအောင် ပိတ်ထားမယ်

Message တစ်ခုခုဝင်ရောက်လာလို့ Lock Screen Notification မှာပေါ်လာတယ်ဆိုရင် ကိုယ်မသိစေချင်တဲ့ အကြောင်းအရာပါလာရင် လူတိုင်း Lock screen မှာပေါ်နေတာကို လိုချင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် Setting – Sound & notifications – lock screen ကနေ Application တစ်ခုချင်းစီအလိုက် Notification ကို ပြမှာလား မပြမှာလားဆိုတဲ့ Setting ချိန်ညှိလို့ရပါတယ်။

4. ဖုန်းရဲ့ Animations ကို ပိုပြီး မြန်ဆန်အောင်ပြုလုပ်မယ်

ကိုယ့်ရဲ့ Android ဖုန်းကို ပိုပြီး မြန်အောင်ပြုလုပ်လို့ရပါတယ်။ အဲ့ဒီအတွက် Setting – About Phone မှာ Build Number ကို ၇ ချက်နှိပ်ပြီး Developer Options ထဲက Window and Transition Animation Scales ကို 0.5x လောက်အထိ လျော့လိုက်ရမှာပါ။