Xiaomi ဟာ သူရဲ့ နောက်ဆုံးထုတ် Low-Cost Smartphone ဖြစ်တဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကပဲ စတင် Launch လုပ်ခဲ့ပါတယ်။ ခေတ်နဲ့အညီ Notch လေးလည်းပါပါတယ်။ Snapdragon 625SoC ကိုသုံးထားတဲ့ ဒီဖုန်းမှာ အရင် Redmi ဖုန်းတွေထက် ဘာတွေများသာနေတာလဲ။

Source: androidauthority.com

Redmi 6 Pro ဟာ 5.84-inch, 19:9 Display ကို 2,280 x 1,080 Resolution (FHD+) သုံးထားပါတယ်။ RAM အနေနဲ့ 4GB Version ရရှိမှာ ဖြစ်ပြီး Internal Storage အနေနဲ့တော့ 64GB ထိရရှိမှာ ဖြစ်ပါတယ်။ MicroSD Card စိုက်မယ်ဆိုရင်တော့ 256GB ထိတိုးလို့ရမှာ ဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ ဆိုရင်တော့ Back Camera ကို 12MP + 5MP Dual-Camera ကို f/2.2 Aperture Lens သုံးထားပြီး ရှေ့ Camera ကိုတော့ 5MP Camera ကိုသုံးထားပါတယ်။ ဒါ့အပြင်  AI Face Unlock, Portrait Mode, Night Scene Enhancement, Auto HDR နဲ့ AI Beautification Effects တွေလည်း ပါဝင်လာဦးမှာပါ။

Source: androidauthority.com

MIUI 9 ကိုသုံးထားပြီး 4000mAh Battery နဲ့ Redmi 6 Pro ဟာ $153 တန် 3GB RAM/ 32GB ROM Version ရယ် ၊ $184 တန် 4GB RAM/ 32GB ROM Version နဲ့ $1994GB RAM/ 64GB ROM Version ဆိုပြီး (၃) မျိုးထွက်ရှိလာတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Stone Black, Sand Gold, Cherry Blossom Powder (Pink), Bali Blue နဲ့ Flame Red ဆိုပြီး (၅) မျိုးရွေးချယ်လို့ ရမှာဖြစ်ပါတယ်။