Android ဟာ တခြား Mobile OS တွေထက် Customization နဲ့ Feature တွေ ပိုများပါတယ်။ Play Store မှာလည်း App များစွာရှိပြီး အဲဒီအထဲမှာ Internet Speed ကို မနှေးစေမယ့် App တွေလည်း ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံး App တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Internet Speed Meter Lite

Internet Speed Meter Lite က Status Bar မှာ Internet Speed ကို ဖော်ပြပေးထားပြီး အသုံးပြုထားတဲ့ ဒေတာ ပမာဏကို ပြသပေးထားပါတယ်။ အဲဒီအတွက် သင့် Internet Speed ကို အချိန်ပြည့် စစ်ဆေးနိုင်ပြီး နောက်ကွယ်က ဒေတာတွေ စားသုံးနေတဲ့ App တွေကို သင်က စီမံခန့်ခွဲနိုင်ခြင်းအားဖြင့် Internet Speed ကို မြန်စေပါတယ်။

Download

၂။ Network Signal Speed Booster

Network Signal Speed Booster

ဒီ App က သင့်ဖုန်းရဲ့ 3G/4G နဲ့ WiFi ဆက်သွယ်မှုကို စစ်ဆေးပေးပြီး ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ Speed ကို ပိုမြန်အောင်လုပ်ပေးပါတယ်။ Device များစွာမှာ အဲဒီ App ကို  စမ်းသပ်ပြီးပြီဖြစ်ပြီး User များစွာက အဆင်ပြေတယ်လို့ သုံးသပ်ထားပါတယ်။

Download

၃။ Speedify-Faster Internet

increase internet speed android root

Speedify က သင့် Internet Speed ကို မြန်ဆန် တည်ငြိမ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သင့် Cellular နဲ့ WiFi ဆက်သွယ်မှုတွေကို ပေါင်းပြီး ပိုမြန်အောင်ပြုလုပ်ပေးတာပါ။ သင့်ဖုန်းရဲ့ WiFi ဆက်သွယ်မှု နိမ့်နေတဲ့အခါမှာ Cellular ကို အလိုလို ပြောင်းပေးမှာပါ။

Download

၄။ Samsung Max -Data Manager

internet booster app

Samsung Max ဟာ Android အတွက် Smart Assistant လို့ ပြောလို့ရပြီး ဒေတာ မလိုအပ်ဘဲ မကုန်အောင်နဲ့ App တွေကို စီမံခန့်ခွဲနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။  ဒေတာ အစားများတဲ့ App တွေကို ရှာဖွေပေးပြီး Bandwidth ကို ကန့်သတ်ပေးပါတယ်။ Internet Speed မြန်စေဖို့ App တွေကို Uninstall/Force Stop စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

Download

၅။ DNS Changer

DNS Changer

DNS Changer က DNS ကို လွယ်လွယ်ကူကူပြောင်းပေးနိုင်ပြီး Root မလုပ်ထားတဲ့ ဖုန်းတွေမှာလည်း အလုပ်လုပ်ပါတယ်။ Open DNS, Google DNS, Yandex DNS အပါအဝင် DNS များစွာကို ပြောင်းလဲပြီး Internet Speed ကို မြှင့်တင်နိုင်ပါတယ်။

Download

၆။ Firefox Focus

best internet speed booster

Internet Speed ကို မြန်အောင်လုပ်ပေးတဲ့ Browser ကို သုံးချင်ရင် Firefox Focus ရှိပါတယ်။ Firefox Focus က Ads, Web Trackers တွေကို ပိတ်ပင်ပေးသလို Cookies, Cache နဲ့ Browsing History တွေကို မသိမ်းပေးထားပါဘူး။ အဲဒါတွေကို ဖယ်ရှားထားတဲ့အတွက် ဒေတာ နည်းနည်းပဲ လိုသလို Loading Time က ပိုမြန်လာပါတယ်။

Download

Ref : techviral