TechRadar က ကျွမ်းကျင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း လက်ပ်တော့များစွာကို Review ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံအရ လက်ပ်တော့ ဝယ်ရင် ရှောင်ရှားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။
၁။ 4GB RAM
၂၀၂၁ ခုနှစ်မှာ Android စမတ်ဖုန်းတွေမှာတောင် 8GB RAM ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် 4GB RAM ပဲ ပါတဲ့ လက်ပ်တော့တွေဟာ ခေတ်မမှီတော့ဘဲ စွမ်းဆောင်ရည် အပိုင်းမှာ အားနည်းလာပါတယ်။ 4GB RAM က နောက်ထွက်တဲ့ ဆော့ဖ်ဝဲတွေ၊ App တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်တော့ပါဘူး။ အဲဒီအတွက် လက်ပ်တော့ ဝယ်ရင် 4GB RAM ထက်များတာကို ရွေးချယ်သင့်ပါတယ်။
၂။ Soldered RAM
Latitude Series လက်ပ်တော့တွေမှာ Memory ကို ထပ်စိုက်လို့ရပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း လက်ပ်တော့အများစုမှာတော့ RAM ထပ်စိုက်လို့ မရပါဘူး။ အဲဒီအတွက် RAM ထပ်စိုက်လို့ရတဲ့ လက်ပ်တော့တွေကိုပဲ ရွေးချယ်သင့်ပါတယ်။
၃။ Single Channel Memory
Single Channel Memory ထက် Dual Channel Memory ကို ရွေးချယ်သင့်ပါတယ်။ ဥပမာ 1x16GB ထက် 2x8GB က စွမ်းရည် ပိုမြင့်မားပါတယ်။
၄။ HD မျက်နှာပြင်
နောက်ထပ် ဒိတ်အောက်နေတဲ့ လုပ်ဆောင်ချက်က HD မျက်နှာပြင်ပါ။ ၁၅.၆ လက်မ 1366x768p မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆဟာ 100ppi ပဲ ရှိပါတယ်။ အဲဒီ မျက်နှာပြင်မှာ ဆိုရင် အိုင်ကွန်နဲ့ ဖောင့်တွေရဲ့ ထောင့်စွန်းတွေဟာ မှုန်ဝါးနေတတ်ပြီး ဝက်ဘ်ဆိုက်နဲ့ Spreadsheets တွေကြည့်ရင် ပုံရိပ်တွေ ပီပြင်မှု အားနည်းပါတယ်။

A 2018 Apple MacBook Air laptop computer with a Gold finish, taken on November 19, 2018. (Photo by Neil Godwin/T3 Magazine)
၅။ Hard Drives
Hard Drives ပါတဲ့ လက်ပ်တော့တွေဟာ ခေတ်မမှီတော့ပါဘူး။ SSDs တွေဟာ အခုဆိုရင် ဈေးသက်သာလာပြီး ဈေးအစားစား ရွေးချယ်နိုင်ပါတယ်။ SSDs တွေဟာ ပိုမို စွမ်းရည်မြင့်မားပါတယ်။
၆။ 128GB Storage ထက်နည်းတဲ့ လက်ပ်တော့
64GB Storage ပဲ ပါတဲ့ လက်ပ်တော့တွေ ဒီခေတ်မှာ ထုတ်နေကြတာ အံ့ဩစရာပါ။ Windows OS နဲ့ Bloatware တွေနဲ့တင် 64GB လောက်နေရာယူထားကြတာပါ။ Windows Update တွေ တင်ရင် နေရာတွေ ပိုကြပ်လာကြပါတယ်။ အဲဒီအတွက် 128GB Storage ပိုများတဲ့ လက်ပ်တော့တွေကိုပဲ ဝယ်ယူကြပါ။
၇။ eMMC Storage
ကုန်ကျစားရိတ် သက်သာစေဖို့နဲ့ နေရာယူတာ နည်းစေဖို့ တန်ဖိုးနည်း လက်ပ်တော့တွေမှာ eMMC လို့ ခေါ်တဲ့ Storage နည်းပညာကို သုံးထားပါတယ်။ eMMC Chips တွေကို Mainboard မှာ အသေတပ်ထားပြီး 64GB Storage အထိပဲ ထောက်ပံ့ပါတယ်။ အဲဒီလို Storage တွေဟာ အရမ်းနှေးကွေးတဲ့ အတွက် လက်ပ်တော့ရဲ့ စွမ်းဆောင်ရည် ကျစေပါတယ်။
၈။ Webcam မပါတာ
ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ ဂိမ်း ကစားဖို့အတွက် Webcam လိုအပ်ပါတယ်။ အဲဒီအတွက် လက်ပ်တော့ ဝယ်ရင် Webcam ပါတာကို ရွေးချယ်ပါ။
Ref : techradar