Chrome ဟာ စွမ်းဆောင်ရည် မြင့်မားတဲ့ ဘရောက်စာ တစ်ခု ဖြစ်ပြီး Chrome အတွက် App သို့မဟုတ် Extension များစွာကို Developer တွေက ဖန်တီးပေးထားပါတယ်။ အဲဒီအထဲမှာ Remote Desktop လို့ ခေါ်တဲ့ ကွန်ပြူတာကို အဝေးက တခြား Device တွေကနေ ထိန်းချုပ်နိုင်တာတွေလည်း ပါပါတယ်။
Google က Chrome အတွက် Remote Desktop Client ကို ထုတ်လုပ်ပေးထားပါတယ်။ အဲဒါကို Chrome မှာ အင်စတောလုပ်ထားရင် တခြား ကွန်ပြူတာတွေကနေ အဝေးက ထိန်းချုပ်နိုင်မှာပါ။ အဲဒီ Extension ကို Windows, macOS နဲ့ Linux အပါအဝင် နာမည်ကြီး Operating System တွေမှာ အသုံးပြုနိုင်ပါတယ်။
Chrome Remote Desktop ကို သုံးရင် သင့်ကွန်ပြူတာ သို့မဟုတ် တခြား သူတစ်ယောက်ရဲ့ ကွန်ပြူတာကို အင်တာနက်ရှိရုံနဲ့ အဝေးကနေ ထိန်းချုပ်နိုင်မှာပါ။ Google က ထုတ်ပေးထားတဲ့ Chrome Extension ဖြစ်တဲ့အတွက် အကောင်းဆုံးလို့ ပြောရမှာပါ။
Teamviewer က နာမည်တော်တော်ကြီးပြီး သက်တမ်းရင့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Teamviewer ရဲ့ Chrome Extension ကို အင်စတောလုပ်ထားရင် သင့် ကွန်ပြူတာနဲ့ တခြား ကွန်ပြူတာတွေကို အဝေးကနေ ထိန်းချုပ်နိုင်မှာပါ။
သင့် သူငယ်ချင်း၊ မိတ်ဆွေတွေဟာ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေတက်နေရင် သင်က အဝေးကနေ ဖြေရှင်းပေးနိုင်ဖို့ Remote Desktop တွေက အသုံးဝင်ပါတယ်။ Zoho Assist Free Remote ကလည်း ဒီလို ပြုလုပ်ပေးနိုင်တဲ့ Chrome Extension တစ်ခုပါ။
Chrome Bar က App ကို နှိပ်လိုက်ရင် အီးမေးလိပ်စာ တောင်းမှာ ဖြစ်ပြီး သင့် သူငယ်ချင်းရဲ့ အီးမေးလိပ်စာ ထည့်ပေးလိုက်ရင် သင့် ကွန်ပြူတာ စကရင်ကို Share လုပ်နိုင်ပါတယ်။ ဒါ့အပြင် Chatting လည်း ပြုလုပ်နိုင်သလို နာမည်ကြီး Remote Desktop Tool များစွာ ပါပါတယ်။
Ref : maketecheasier