အင်တာနက် ကမ္ဘာမှာ ရှည်လျားထွေပြားတဲ့ URL တွေကို အတိုချုံ့ပေးတဲ့ ဝန်ဆောင်မှုတွေ ပေါ်လာတာ တော်တော် အသုံးဝင်ပါတယ်။ အတိုချုံ့ထားတဲ့ URL တွေဟာ မှတ်သားရလွယ်ကူသလို အဲဒီ URL တွေကို ဘယ်နှစ်ကြိမ် ဖွင့်ကြည့်သလဲ ဆိုတာကိုပါ ခြေရာခံလို့ရပါတယ်။ ဒီဆောင်းပါးမှာ Google Chrome နဲ့ Mozilla Firefox တွေအပြင် Browser တိုင်းကနေ URL တွေကို လျှင်မြန်စွာ အတိုချုံ့နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

Google Chrome

Google Chrome သုံးသူတွေအတွက် URL တွေကို အတိုချုံ့ပေးနိုင်တဲ့ Extension တွေ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံး ၃ ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အားလုံးထဲမှာ URL Shortener က အကောင်းဆုံး ဖြစ်ပြီး အသုံးပြုနည်းကို ပြောပြချင်ပါတယ်။

အဲဒီ Extension ကို Install လုပ်ပြီးရင် မြန်မြန် သုံးနိုင်အောင် Toolbar မှာ Pin လုပ်ထားပါ။ လက်ရှိ Tab ရဲ့ URL ကို အတိုချုံ့ချင်ရင် Extension Icon ကို နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင် Extension က URL အတိုကို ထုတ်ပေးမှာ ဖြစ်သလို QR Code ကိုပါ ပံ့ပိုးပေးမှာပါ။ URL အတိုကို ကော်ပီကူးဖို့အတွက် ဘေးနားက Icon ကို နှိပ်ရမှာပါ။

URL များစွာကို အတိုချုံ့ချင်ရင် Extension ကို ဖွင့်ထားပြီး Editing Field မှာ URL တွေကို ထည့်သွင်းနိုင်ပါတယ်။

Mozilla Firefox

Firefox သုံးသူ ဆိုရင် အောက်ပါ Add-on တွေကို အသုံးပြုနိုင်ပါတယ်။

အဲဒီအထဲက Copy Short URL အသုံးပြုနည်းကို ပြောပြချင်ပါတယ်။

Copy Short URL က Firefox Extension or Add-on ဖြစ်ပြီး URL Shortening Service တွေ ဖြစ်တဲ့ is.gd, tinyurl.com နဲ့ bitly တို့ကို ထောက်ပံ့ပါတယ်။ Add-on ကို နှိပ်ရင် လက်ရှိဖွင့်ထားတဲ့ URL ရဲ့ အတိုချုံ့ထားတဲ့ Version ကို လိုက်ရှာမှာ ဖြစ်ပြီး မတွေ့ရင် URL အတို ၁ ခုကို ဖန်တီးပေးမှာပါ။

အတိုချုံ့ထားတဲ့ URL ကို Add-on က တစ်ခါထဲ ကော်ပီ ကူးပေးမှာ ဖြစ်ပြီး Screen ရဲ့ ညာဘက်အောက်ထောင့်မှာ ပြသပေးမှာပါ။

Extension ကို Toolbar ပေါ်တင်ချင်ရင် Firefox Menu ထဲကနေ More Tools> Customize Toolbar ထဲသွားပါ။ Copy Short URL Icon ကို Drag ဆွဲကာ Toolbar ပေါ်တင်ပါ။

Any Browser

Chrome နဲ့ Firefox မသုံးဘဲ တခြား Browser သုံးသူတွေအတွက် Bitly ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ အကောင့် လုပ်စရာ မလိုဘဲ အသုံးပြုနိုင်ပြီး သင့် URL ကို ဘယ်နှစ်ကြိမ် ကြည့်ကြသလဲဆိုတာကို သင်က သိချင်ရင်တော့ အကောင့် ၁ ခု ပြုလုပ်ရမှာပါ။

Ref : makeuseof