Apple က iPhone 13 ကို ကြေညာတဲ့ ပွဲမှာ iOS 15 ကို ဖြန့်ချိမယ့် အချိန်ကိုပါ ပြောကြားမှာ ဖြစ်ပါတယ်။ iOS 15 ကို ရဖို့ နီးသထက်နီးလာပြီ ဖြစ်တဲ့အတွက် iOS 15 ရဲ့ လုပ်ဆောင်ချက် အသစ် ၅ ခု အကြောင်းကို ပြောပြချင်ပါတယ်။

၁။ Safari ရဲ့ ဒီဇိုင်း ပြောင်းလဲထားခြင်း။

Apple က iOS 15 ရဲ့ ဒီဇိုင်းကို ပြောင်းလဲထားပြီး လိပ်စာဘားကို အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ လိပ်စာဘားကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကို ပွတ်ဆွဲရင် ဖွင့်ထားတဲ့ Tab တွေကို ပြောင်းလဲ ကြည့်ရှုနိုင်ပါတယ်။

Home Screen အသစ်မှာ Wallpaper ကို သင်နှစ်သက်တာ သတ်မှတ်နိုင်ပြီး Tab Groups မှာ သင် ကြည့်နေကျ Website တွေကို စုစည်းပြသပေးထားပါတယ်။ အဲဒီအတွက် Tab အသစ် ၁ ခု ဖွင့်ပြီး သင် ကြည့်နေကျ Website တွေကို ဖွင့်စရာ မလိုတော့ပါဘူး။ Tab တွေကို သင့်ရဲ့ Apple Device အားလုံးနဲ့ Sync လုပ်ပေးမှာ ဖြစ်ပါတယ်။

၂။ အလုပ်ကို အနှောင့်အယှက် မဖြစ်စေမယ့် Focus

သင် အလုပ်များနေတဲ့ အချိန်မှာ Notification တွေ ပေါ်လာမှာ လိုလားမှာ မဟုတ်ပါဘူး။ အဲဒီအတွက် Apple က Focus ကို ထည့်သွင်းပေးထားပြီး သင် အလိုရှိတဲ့ အချိန်မှသာ Notification တွေရရှိအောင် ပြုလုပ်နိုင်ပါတယ်။ Focus Moment များစွာကို သင်နှစ်သက်သလို သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာအနေနဲ့ တည်နေရာ ၁ ခုကို သင် ရောက်တဲ့ အချိန်၊ App ၁ ခုကို သင် သုံးနေတဲ့ အချိန်တွေမှာ Notification တွေ မပေါ်လာအောင် ပြုလုပ်ထားနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ Message တွေအတွက်လည်း အကျိုးသက်ရောက်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ထံ ဓါတ်ပုံ ၁ ပုံ ပို့လိုက်တဲ့အခါမှာ Notification ပေါ်လာမှာ မဟုတ်ပါဘူး။

၃။ LiveText နဲ့ ဓါတ်ပုံက စာသားတွေကို ကော်ပီကူးခြင်း။

iOS 15 ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက LiveText ဖြစ်ပြီး ဓါတ်ပုံက စာသားတွေကို ကော်ပီကူးကာ ဘာသာပြန်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ စားသောက်ဆိုင် ၁ ခုကို ရောက်တဲ့အခါ မီနူးမှာ သင် မသိတဲ့ ဘာသာစကား ၁ ခုနဲ့ ရေးသားထားတဲ့အခါမှာ ဓါတ်ပုံရိုက်လိုက်ပါ။ LiveText က အဲဒီ ဓါတ်ပုံထဲက စာသားတွေကို ဘာသာပြန်ပေးနိုင်ပါတယ်။

၄။ လုံခြုံရေး တိုးတက်လာခြင်း။

Apple က iOS 15 မှာ လုံခြုံရေး လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးထားပါတယ်။ App Privacy Report က ကင်မရာ၊ မိုက်ကရိုဖုန်းတို့လို Hardware တွေကို အသုံးပြုတဲ့ App တွေကို ပြသပေးနိုင်ပါတယ်။ App ၁ ခုဟာ သင့် ဒေတာတွေကို ရယူဖို့ ကြိုးစားရင်လည်း အသိပေးနိုင်ပါတယ်။

iOS 15 မှာ အီးမေး ပေးပို့ရင် IP လိပ်စာကို ဖွက်ထားပေးနိုင်တဲ့ အတွက် သင့် လုံခြုံရေး ပိုစိတ်ချရပါတယ်။ iCloud+ ရဲ့ Hide My Email က Spam တွေကနေ ကာကွယ်ပေးနိုင်အောင် ယာယီ အီးမေးလိပ်စာတွေ ဖန်တီးပေးနိုင်ပါတယ်။

Private Relay လုပ်ဆောင်ချက်က Safari မှာ Website တွေ ကြည့်တဲ့အခါ သင့် IP လိပ်စာကို ဖွက်ထားပေးနိုင်ပါတယ်။

၅။ Weather App ရဲ့ စွမ်းရည် အသစ်များ။

Dark Sky ကို ၂၀၁၉ မှာ ဝယ်ယူပြီးနောက် iOS 15 မှာ Weather App ရဲ့ ဒီဇိုင်း အရမ်း ပြောင်းလဲသွားပါတယ်။ မိုးရွာတာ၊ နှင်းကျတာတွေအတွက် Notification ပြသပေးနိုင်ပြီး Main Screen မှာ ရာသီဥတု ပြောင်းလဲမှုအတွက် Animation အသစ်တွေ မြင်ရမှာ ဖြစ်ပါတယ်။

မိုးရွာမယ့် အခြေအနေကိုလည်း ကြိုတင် တွက်ချက်ပေးနိုင်ပြီး မြေပုံပါလာတဲ့အတွက် တည်နေရာအလိုက် ရာသီဥတု အခြေအနေတွေကို လေ့လာလို့ရလာပါတယ်။

Ref : techradar