စမတ်ဖုန်းတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာကြတဲ့အတွက် သင့် ဒေတာတွေ လုံခြုံစိတ်ချရဖို့ အရမ်းကို အရေးကြီးပါတယ်။ အဲဒီအတွက် သင့် Android Device ဟာ Hack ခံနေရသလား ဆိုတာ စစ်ဆေးနည်း ၅ နည်းကို ပြောပြချင်ပါတယ်။

၁။ ဘက်ထရီ သက်တမ်း ကျဆင်းလာခြင်း သို့မဟုတ် ဘက်ထရီ အရမ်းစားခြင်း

How to get battery usage since full charge android programmatically? - Stack Overflow

သင့်ဖုန်း Hack ခံနေရသလား ဆိုတာ စစ်ဆေးနည်း ၁ ခုက ဘက်ထရီ စားသုံးမှု ဖြစ်ပါတယ်။ သင့်ဖုန်းဟာ အားမသွင်းထားတဲ့ အချိန်မှာ အရမ်း ပူနေတယ်၊ ဘက်ထရီ စားတာ အရမ်းများနေတယ် ဆိုရင် နောက်ကွယ်မှာ တစ်စုံတစ်ခု Run နေလို့ ဖြစ်နိုင်ပါတယ်။

Settings>Battery> Battery Usage ထဲသွားပြီး သင် မသိတဲ့ App သို့မဟုတ် သံသယ ဖြစ်စရာ App တွေကို ရှာဖွေပါ။ အဲဒီလို App တွေကို Uninstall လုပ်သင့်ပါတယ်။

၂။ သင် Install မလုပ်ထားတဲ့ App တွေ ရှိနေခြင်း

သင့်ဖုန်းမှာ သင် Install မလုပ်ထားတဲ့ App တွေရှိနေတာဟာလည်း သင့် ဖုန်း Hack ခံနေရတာ ဖြစ်နိုင်ပါတယ်။ တချို့ App သို့မဟုတ် Website တွေဟာ သင့်ဖုန်းမှာ Malware App တွေကို ထည့်သွင်းနိုင်ပြီး သင့် ဒေတာတွေကို ခိုးယူနေကြပါတယ်။ Settings>Apps>App Manager ထဲသွားပြီး သင် Install မလုပ်ထားတဲ့ App တွေကို ရှာဖွေပြီး Uninstall လုပ်ပါ။

၃။ ဒေတာ စားသုံးမှု အရမ်းများနေခြင်း

သင့်ဖုန်း Hack ခံနေရသလား ဆိုတာ စစ်ဆေးနည်း နောက် ၁ ခုက သင် မသုံးဘဲနဲ့ ဒေတာ စားသုံးမှု အရမ်းများနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် Settings> Connections & WiFi> Data Usage မှာ ဒေတာ စားသုံးမှု အရမ်းများနေတဲ့ App တွေကို လေ့လာပါ။

YouTube, Facebook နဲ့ တခြား Streaming Service တွေကတော့ ဒေတာ အရမ်းစားသုံးကြတာ ပုံမှန်ပါပဲ။ မလိုအပ်ဘဲ၊ သင် မသုံးဘဲ ဒေတာ အရမ်းစားသုံးနေတဲ့ App တွေကို တွေ့ရင် Uninstall လုပ်ပါ။

၄။ Pop-up နဲ့ Ads တွေကို သတိထားပါ။

App တွေ ၊ Website တွေက သင့် ဖုန်းမှာ Pop-up နဲ့ Ads တွေကို ပြသကြပြီး အဲဒီအထဲက အူကြောင်ကြောင်ပုံစံ Pop-up နဲ့ Ads တွေကို လေ့လာပါ။ အဲဒါတွေကို လုံးဝ မနှိပ်မိပါစေနဲ့။ တချို့မှာဆိုရင် “Remove Virus Now” ဆိုတဲ့ခလုတ်တွေကိုပါ ပြသကြပါတယ်။ အဲဒါတွေက အတုယောင် တွေဖြစ်ပြီး အဲဒီ ခလုတ်ကို မနှိပ်မိပါစေနဲ့။ အဲဒါတွေကိုတွေ့ရင် သင့် Browser ကိုပိတ်ပြီး ဖုန်းကို Reboot လုပ်ပါ။

၅။ App နဲ့ ဖုန်းဟာ မကြာခဏ Crash ဖြစ်နေခြင်း

သင့် ဖုန်း Hack ခံရနေတဲ့ နောက်ထပ် လက္ခဏာ တစ်ခုက App နဲ့ ဖုန်းဟာ မကြာခဏ Crash ဖြစ်နေတာပါ။ ပထမဆုံး Google Play App Store ရဲ့ Play Protect Scanner နဲ့ စစ်ဆေးကြည့်ပါ။ Play Store App ကို ဖွင့်ပြီး Menu ကို နှိပ်ပါ။ Play Protect ကို သွားပြီး Scan ကို နှိပ်ကာ Malware App တွေကို ရှာဖွေပါ။

ဒါပေမယ့် Play Protect ဟာ အခြေခံ Tool တစ်ခု ဖြစ်တဲ့အတွက် Malwarebytes လို စွမ်းရည်မြင့် Anti-malware App တွေကို အသုံးပြုသင့်ပါတယ်။

Ref : makeuseof