Google က မကြာခင်ကပဲ Gmail App လုပ်ဆောင်ချက် နှစ်ခု ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒါတွေက Google Enterprise Apps Suite မှာပါတဲ့ Google Chat နဲ့ Rooms တို့ ဖြစ်ပြီး Gmail App ကနေ ဆက်သွယ်စကားပြောနိုင်မှာပါ။ နာမည်အတိုင်းပဲ Chat မှာ တစ်ယောက်ချင်းနဲ့ Rooms မှာ အုပ်စုဖွဲ့ စကားပြောနိုင်မှာ ဖြစ်ပါတယ်။

Gmail App မှာ Chat ကို အသုံးပြုနည်း

၁။ Gmail App ကို ဖွင့်ပြီး ဘယ်ဘက်ထိပ်က Menu ကို နှိပ်ပါ။

၂။ အောက်ကိုဆင်းပြီး Settings ထဲသွားပါ။

How To Activate Google Chat Settings

၃။ သင့် အကောင့်ကို ရွေးပါ။

၄။ အောက်ကို ဆင်းပြီး “Show the Chat and Rooms Tab” မှာ Check လုပ်ပါ။

How To Activate Google Chat Settings Turn Chat On 1

ဒါဆိုရင် Gmail  App ရဲ့ အောက်ခြေမှာ Chat နဲ့ Rooms ခလုတ် အသစ် နှစ်ခုကို တွေ့ရမှာပါ။ Chat Icon ကို နှိပ်ပြီး ညာဘက်အောက်ထောင့်က “New Chat” ကို ရွေးပေးပါ။ အဲဒီကနေ သင်နှစ်သက်တဲ့ သူနဲ့ စကားပြောနိုင်ပါပြီ။ လူများစွာနဲ့ စကားပြောချင်ရင် Room ထဲသွားပါ။ သင်နဲ့ စကားပြောတာ အများဆုံး သူတွေကို အောက်ခြေမှာ ပြသပေးထားပါတယ်။

Chat မှာ Join နိုင်အောင် သူငယ်ချင်းတွေကို သင်က Invite လုပ်နိုင်ပြီး သူတို့က အီးမေးကနေ လင့်ကို ရကြမှာပါ။ Chat မှာ Google Docs Integration ပါတဲ့အတွက် Chat Window အောက်ခြေက Google Docs ခလုတ်ကို နှိပ်ကာ ဖိုင်တွေ မျှဝေနိုင်ပါတယ်။

Ref : maketecheasier