စမတ်ဖုန်းတွေကို လူတွေ စွဲစွဲလန်းလန်း အသုံးပြုလာကြတဲ့အတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေ ရှိလာပါတယ်။ အဲဒီအတွက် သင်ဖုန်း အသုံးပြုချိန်ကို စောင့်ကြည့်လေ့လာပေးပြီး အစဉ်အမြဲ သတိပေးနေတဲ့ Screen Time App တွေကို ဖန်တီးလာကြပါတယ်။ ဖုန်း ကုမ္ပဏီတွေကလည်း သူတို့ရဲ့ ဖုန်းတွေမှာ အဲဒီ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားကြပါတယ်။ iPhone မှာလည်း Screen Time ဆိုတဲ့ လုပ်ဆောင်ချက် ပါပြီး Home Screen မှာ Screen Time Widget ကို ပြသပေးထားပါတယ်။

ဒါပေမယ့် တချို့ လူတွေကတော့ Screen Time Widget ဟာ မျက်စိရှုပ်စရာလို့ ရှုမြင်ကြသလို Screen Time လုပ်ဆောင်ချက်ကိုလည်း ပိတ်ထားချင်ကြပါတယ်။ အဲဒီလူတွေအတွက် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Screen Time ကို ပိတ်ထားနည်း

၁။ Settings App ထဲက Screen Time ကို သွားပါ။

၂။ အောက်ကို ဆင်းပြီး “Turn Off Screen Time” ခလုတ်ကို နှိပ်ပါ။

၃။ သင့် iPhone က Confirm လုပ်ခိုင်းရင် “Turn Off Screen Time” ကို ထပ်နှိပ်ပါ။ ဒါဆိုရင် အဲဒီလုပ်ဆောင်ချက်ကို အပြီး ပိတ်လိုက်တာပါ။

Screen Time ကို ပြန်ဖွင့်ချင်ရင် Settings App> Screen Time ထဲ ပြန်သွားပြီး “Turn On Screen Time” ကို နှိပ်နိုင်ပါတယ်။

Screen Time Widget ကို ဖယ်ရှားနည်း

၁။ iPhone ကို Unlock လုပ်ပြီး ဘယ်ဘက်ကို ပွတ်ဆွဲပါ။

၂။ အောက်ခြေက “Edit” ခလုတ်ကို နှိပ်ပါ။

၃။ Screen Time Widget ဘယ်ဘက်ထိပ်က “-“ ခလုတ်ကို နှိပ်ပါ။

၄။ နောက်အဆင့်မှာ “Remove” ကို နှိပ်ပါ။ ဒါဆိုရင် Home Screen မှာ Screen Time Widget ကို ဖယ်ရှားပေးမှာပါ။

Screen Time Widget ကို ပြန်သုံးချင်ရင် အထက်ပါ နည်းအတိုင်း “Edit” ကို နှိပ်ပါ။ ညာဘက်ထိပ်က “+” ခလုတ်ကို နှိပ်ပြီး Screen Time Widget ကို ရှာပါ။ “Add Widget “ ကို နှိပ်ရင် Home Screen မှာ Screen Time Widget ကို ပြန်သုံးနိုင်ပါပြီ။

ref : maketecheasier