ချစ်သူရလာလို့ Relationship Status ကို Single ကနေ In a Relationship လည်းပြောင်းချင်တယ်။
အကောင့်ထဲမှာ ရှိတဲ့ သူငယ်ချင်း ၃၀၀ ကျော်ကိုလည်း မသိစေချင်ဘူးဖြစ်နေပါသလား။
Relationship Status ကို တိတ်တိတ်လေး ပြောင်းလို့ရတဲ့ နည်းလမ်းကို ပြောပြပေးမှာပါ။
ကိုယ့် Timeline ကိုသွားပါ။ “Edit Details” ကိုနှိပ်လိုက်ပါ။
“Relationship” ထဲကိုဝင်ပါ။ အဲ့ဒီမှာ Single လား In a Relationship လား ရွေးပါ။ ဘယ်ဘက် အောက်ထောင့်မှာ Box လေးကို နှိပ်လိုက်ရင် “Public”၊ “Friends” စတာတွေ ကျလာပါလိမ့်မယ်။
အဲ့ဒီမှာ “Only Me” ကို ရွေးပြီး save နှိပ်လိုက်ပါ။
ရက်ပေါင်း နည်းနည်းကြာမှ “Public” ပြောင်းပြောင်း “Friends” ပြောင်းပြောင်း ဘယ်သူမှ သတိမထားမိတော့မှာ မဟုတ်ပါဘူး။