MicroSD Card တွေက နေ့စဉ်အသုံးပြုနေရတဲ့ စမတ်ဖုန်းတွေနဲ့ အခြားသော နေရာအတော်များများမှာ အသုံးပြုနေရတဲ့ လူသုံးများတဲ့ Storage တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ Memory Stick တွေက 1TB လောက်အထိ ထုတ်လုပ်နေတယ်ဆိုပေမယ့် MicroSD Card တွေကတော့ 128GB လောက်အထိပဲရှိနေသေးတာဖြစ်ပါတယ်။

အခု Integral Memory ကုမ္ပဏီကနေ အသစ်ထုတ်လုပ်လိုက်တဲ့ 512GB MicroSD Card ကတော့ လက်ရှိအချိန်မှာ အများပြားဆုံးသော Storage ပါဝင်တဲ့ MicroSD Card တစ်ခုဖြစ်လာပြီပဲဖြစ်ပါတယ်။ ယခင်က SanDisk ရဲ့ 400GB microSD Card Storage အများဆုံးဖြစ်ခဲ့တာဖြစ်ပြီးတော့ အခု Integral Memory က ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

အခု Integral Memory ဟာ Maximum Read Speed အနေနဲ့ 80MB/s ရှိမှာဖြစ်ပြီးတော့ SDXC UHS-l U1 Card ဖြစ်တဲ့အတွက် Read Speed ကလည်း အနည်းဆုံး 10 MB/s အထက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် 4K Video ရိုက်ကူးတတ်သူတွေအတွက်ကတော့ အကြိုက်ဖြစ်မှာပါ။

အခု Integral Memory ရဲ့ 512GB Memory Card ဈေးနှုန်းကိုတော့အတိအကျပြောကြားထားခြင်းမရှိပေမယ့် လာမယ့် ဖေဖော်ဝါရီလမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။