Wi-Fi Network တစ်ခုကိုမိလို့ချိတ်လိုက်ပြီးမှ လိုင်းမကောင်းတာမျိုး၊ ချိတ်ပြီး အသုံးပြုလို့မရတာမျိုးကို ကြုံဖူးကြမှာပါ။ အဲ့ဒီအချိန်ကြရင် အခြား Wi-Fi Network တစ်ခုကို ထပ်ရှာပြီးအသုံးပြုရတဲ့အတွက် အချိန်တွေမလိုအပ်ပဲကုန်နေရမှာပါ။

အခုအချိန်မှာတော့ Google ကနေ အခုလိုမျိုး မဖြစ်ရအောင် Android Oreo မှာ Feature အသစ်တစ်ခုကို Update ပြုလုပ်ပေးလိုက်တယ်လို့သိရပါတယ်။ အဆိုပါ Feature ဟာ Wi-Fi Network တစ်ခုကို မချိတ်ဆက်ခင်မှာ ကိုယ်ဖမ်းယူလို့ရနိုင်တဲ့ Wi-Fi Network တွေရဲ့ အမြန်နှုန်းကို အရင်ဖော်ပြပေးသွားမှာပဲဖြစ်တဲ့အတွက် Wi-Fi လိုင်းကောင်းမကောင်းဆိုတာကို မချိတ်ခင်ထဲက သိနိုင်တော့မှာဖြစ်ပါတယ်။


ဒါပေမယ့် အခုလိုမျိုး ဖော်ပြတဲ့နေရာမှာ Bandwidth Speed အတိအကျကိုတော့ ဖော်ပြသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား 1 Mbps အောက်ပဲ ရှိတဲ့ Network ကို Slow ၊ 1 – 5 Mbps အတွင်း ရှိတဲ့ Network ကို OK ၊ 5 – 20 Mbps အတွင်း ရှိနေရင် Fast နဲ့ 20 Mbps အထက်ဆိုရင်တော့ Very Fast ဆိုပြီး အဆိုပါ Wi-Fi Network တွေရဲ့ နာမည်အောက်မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Google ရဲ့ အခုထည့်သွင်းပေးလိုက်တဲ့ Feature ဟာ နောက်ပိုင်းမှာ တကယ်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာနိုင်ပြီးတော့ ဘယ် Wi-Fi ကောင်းလဲဆိုပြီး လိုက်ချိတ်နေရတဲ့ ပြဿနာကို ကင်းဝေစေမှာအသေအချာပါပဲ။