Xiaomi ကနေ Mi Mix 2S စမတ်ဖုန်းကိုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာသွားတော့မှာဖြစ်ပါတယ်။ ယခင်တုန်းက Mi Mix 2S စမတ်ဖုန်းကို အရှေ့ပိုင်းပုံတွေပဲ ထွက်ပေါ်လာပေမယ့် အခုအချိန်မှာတော့ ဖုန်းနောက်ကျောပိုင်းကိုပါ တွေ့လာရတာပဲဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Mi Mix 2S စမတ်ဖုန်းရဲ့ နောက်ကျောပိုင်းဓါတ်ပုံအရ Xiaomi ဟာ Mi Mix Series ထဲမှာ ပထမဆုံးအနေနဲ့ Dual Camera ကို အသုံးပြုလာတာကိုတွေ့ရပြီး အဆိုပါ Dual Camera ဟာ Apple iPhone X လိုမျိုး ဒေါင်လိုက် ဒီဇိုင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ဟာ တူညီတဲ့ Dual Camera ဒီဇိုင်းပုံစံနဲ့ Redmi Note 5 စမတ်ဖုန်းကိုလည်း ထုတ်လုပ်ထားတဲ့အတွက် Mi Mix 2S ရဲ့ Dual Camera စနစ်ဟာ အဆိုပါ Redmi Note 5 စမတ်ဖုန်းနဲ့တောင် တူညီနေတယ်လို့ ပြောလို့ရပါတယ်။

အခြားသောအချက်တွေကတော့ ပြောင်းလဲသွားတာကို မတွေ့ရပဲ Ceramic Body နဲ့ Fingerprint Sensor ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ တွေ့ရတဲ့အတွက် Under-Display Fingerprint ကတော့ ပါဝင်လာဖို့ မရှိတော့ပါဘူး။