Apple ရဲ့ iPhone တွေက အခုအချိန်မှာ အလုံခြုံဆုံးသော စမတ်ဖုန်းတွေဖြစ်နေအောင် တဖြည်းဖြည်နဲ့ လုံခြုံရေး Features တွေထည့်သွင်းလာကြတာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Apple ကနေ iPhone ကို ပိုပြီး လုံခြုံစေမယ့် Feature တစ်ခုကို ထည့်သွင်းလိုက်ပြန်ပါပြီ။

အခု Feature ကတော့ တကယ်လို့ Apple iPhone တွေကို Unlock မလုပ်ပဲနဲ့ ၇ရက်ပစ်ထားမယ်ဆိုရင် Data Transfer ပြုလုပ်နိုင်မှုကို ပိတ်ထားလိုက်မယ့် Feature ပဲဖြစ်ပါတယ်။ အဆိုပါ Feature က Apple iPhone တွေကို ကွန်ပျူတာနဲ့ ချိတ်ပြီး User Data တွေကို ယူဖို့ ကြိုးစားတာကို ရပ်ဆိုင်းနိုင်ပါလိမ့်မယ်။

Apple iPhone တွေမှာ အခုလိုမျိုး ၇ ရက် Unlock မလုပ်ပဲ ထားလိုက်လို့ Lightning Connector ကနေ Data Transfer လုပ်လို့မရတော့ဘူးဆိုရင် ဘာမှလုပ်ရတော့မှာမဟုတ်ပဲ ဖုန်းပိုင်ရှင်ကိုယ်တိုင်က Passcode နဲ့ ပြန်ဖွင့်မှသာ ပြန်ပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အခု Feature ကိုတော့ USB Restricted Mode လို့ ခေါ်ဆိုထားတယ်လို့ Apple ကပြောကြားခဲ့ပါတယ်။

အခု Apple ရဲ့ iPhone တွေအတွက် ဒီ Feature အသစ်ဟာ iOS 11.4 Beta Version မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်း iPhone တွေမှာပါဝင်လာတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone တွေကတော့ အခုထက်ကိုပိုပြီးတော့ လုံခြုံလာတော့မှာဖြစ်ပါတယ်။