အခုနောက်ပိုင်းမှာ Social Media Account တွေက နေ့စဉ်ဘဝမှာမရှိမဖြစ်နီးပါး ဖြစ်လာသလိုပဲ အဆိုပါ Social Media Account တွေကို အခြားတစ်ယောက်ယောက်က ခိုးယူသွားတာမရှိအောင် ကာကွယ်ထားဖို့လည်း လိုအပ်လာပါတယ်။
အဲ့ဒီအတွက် သာမန်ပဲ ကိုယ့် Account Password ကို ခက်ခက်ခဲခဲထားရုံနဲ့ မလုံလောက်တော့ပဲ Two-Factor Authentication လို့ခေါ်တဲ့ Password ရိုက်ပြီးတဲ့အပြင် SMS Verification Code နဲ့တစ်ဆင့်ပြန်ပြီး Confirm ပြုလုပ်ရတဲ့ လုံခြုံရေးစနစ်တွေပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် ဖုန်းနံပါတ်ကို SMS ပို့ပေးတာက SIM Card ကို အသုံးပြုလို့မရတဲ့အချိန်တွေမှာ Two-Factor Authentication စနစ်ကို အသုံးပြုနိုင်အောင် Third-Party Authentication Apps တွေနဲ့ ချိတ်ပြီး အသုံးပြုလာကြတာဖြစ်ပါတယ်။
အခုအချိန်မှာ Google Account ရော၊ Facebook လိုမျိုး Social Media တွေကပါ Third-Party Apps တွေနဲ့ Two-Factor Authentication စနစ်ကို Support ပြုလုပ်လာပြီးတော့ အခုအချိန်မှာတော့ Twitter ကပါ စတင် Support ပြုလုပ်လာပြီလို့သိရပါတယ်။ အခု Setting ကိုတော့ Settings – Account – Security ကနေ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
အခုလိုမျိုး Third-Party Apps တွေကို စတင် Support ပြုလုပ်လာတယ်ဆိုပေမယ့် လောလောဆယ်မှာတော့ Google Authenticator App နဲ့ Authy လို Applications တွေနဲ့ပဲအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
အခုလိုမျိုး Third-Party Apps တွေနဲ့ Two-Factor Authentication ပြုလုပ်တဲ့စနစ်ဟာ Social Media အသုံးပြုသူတိုင်း ကိုယ့် Accounts တွေကို ကာကွယ်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ်တစ်ခုဖြစ်ပြီးတော့ အဆိုပါ Third-Party Apps Verification Codes တွေက စက္ကန့် ၃၀ နေရင် အသစ်ပြန်ဖြစ်သွားတဲ့အတွက် SMS Verification Codes တွေလိုမျိုး Message ဝင်တာကို စောင့်စရာမလိုသလို၊ Code တွေကိုလည်း Message မှာပြန်ဖျက်စရာမလိုအပ်တဲ့အတွက် ကိုယ့် Twitter ပဲဖြစ်ဖြစ်၊ Facebook ပဲဖြစ်ဖြစ် မပြုလုပ်ရသေးရင် အခုပဲပြုလုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။