[Zawgyi]





Ref : gsmarena

[Unicode]

32MP Selfie Camera နဲ့ 5000mAh Battery များပါတဲ့ Vivo Z1 Pro ကို ကြေညာ

Vivo က Z1 Pro ကို ကြေညာလိုက်ပါပြီ။ သူ့မှာ အရွယ်ကြီး Punch Hole Display ၊ အနောက်ကင်မရာ သုံးလုံးနဲ့ အရွယ်ကြီး 5000mAh Battery များ ထည့်သွင်းထားပါတယ်။ ဒီဇိုင်းအရ သူဟာ Vivo Z5x နဲ့ တူပါတယ်။ ဒါပေမယ့် Chipset နဲ့ Selfie Camera များကို ပြောင်းလဲထားပါတယ်။ သူ့မှာ ၆.၅၃ လက်မ IPS LCD FHD+ Display ပါပါတယ်။ သူဟာ Punch Hole ပါတဲ့ Vivo ရဲ့ ဒုတိယ ဖုန်းဖြစ်ပြီး 32MP f/2.0 Selfie Camera ကို မျက်နှာပြင်ရဲ့ အထက်ဘယ်ဘက်မှာ ထည့်ထားပါတယ်။

အနောက်ဘက်မှာ 16MP f/1.78 Main Camera , 8MP f/2.2 Ultra-wide Angle နဲ့ 2MP f/2.4 Depth Sensor များ ပါပါတယ်။ အတွင်းပိုင်းမှာ Snapdragon 712 SoC မောင်းနှင်ထားပါတယ်။ ဂိမ်းကစားရင် ချောမွတ်စေဖို့ အအေးပေးစနစ်နဲ့ Game Turbo Modes များထည့်ထားပါတယ်။ Ultra Game Mode က ဂိမ်းကစားတဲ့ အခါမှာ ပိုကောင်းတဲ့ Surround Sound နဲ့ Haptic Gaming Feedback များကို ပံ့ပိုးပေးနိုင်ပါတယ်။ Voice Changer နဲ့ PUBG လို ဂိမ်းများမှာ သင့်ရဲ့ အရည်အချင်းကို တိုးတက်စေမယ့် လေ့ကျင့်ရေး စင်တာများ ပါပါတယ်။

ဂိမ်းများ ကြာကြာကစားနိုင်ဖို့ 5000mAh Battery ပါပြီး 18W Fast Charging ကို ထောက်ပံ့ပါတယ်။ microUSB သာ ပါတာက အားနည်းချက်ပါ။ သူ့ကို ပါဝါဘန့်လို သုံးနိုင်ပြီး အခြား ဖုန်းများနဲ့ Accessories များကို အားဖြည့်ပေးပါတယ်။ Android Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပါတယ်။

Vivo Z1 Pro ကို Sonic Black, Sonic Blue နဲ့ Mirror Black အရောင်များ ထုတ်လုပ်ထားပြီး Vivo ရဲ့ ဝက်ဘ်ဆိုက်နဲ့ Flipkart တို့ကနေ ဇူလိုင်လ ၁၁ ရက်မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ 4/64GB ကို ၂၁၇ ဒေါ်လာနဲ့ စွမ်းရည်အမြင့်ဆုံး 6/128GB ကို ၂၆၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၂၀ ၀၀၀ နဲ့ ၃၉၀ ၀၀၀ ဝန်းကျင်ကျသင့်မှာပါ။

Ref : gsmarena