Alcatel ကုမ္ပဏီဟာ ဈေးနှုန်းသက်သာပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ Pure Android OS နဲ့ စမတ်ဖုန်းတွေထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလည်း Alcatel ကနေ ပြီးခဲ့တဲ့ ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံး ဖုန်းဖြစ်တဲ့ ဒေါ်လာ ၁၀၀ တန် Alcatel 1X စမတ်ဖုန်းထက် ပိုပြီး ဈေးပေါတဲ့ စမတ်ဖုန်းတစ်ခုကို ကြေညာလိုက်ပါတယ်။

အခုထွက်လာတဲ့ Alcatel 1 စမတ်ဖုန်းက Google ရဲ့ ဘတ်ဂျတ်စမတ်ဖုန်းတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ Android Go OS ကို အသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းနေမှာဖြစ်ပါတယ်။

Specifications ပိုင်းတွေအနေနဲ့ 5″ qHD Display ၊ MediaTek Quad Core Processor ၊ RAM 1GB နဲ့ 8GB Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card လည်းပါဝင်မှာဖြစ်တဲ့ Storage ကိုလည်း ထပ်တိုးနိုင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ သာမန်ပဲဖြစ်ပြီးတော့ 5MP Back Camera နဲ့အတူ 2MP Front Camera ပါဝင်မယ်လို့ သိရပါတယ်။ Battery အနေနဲ့လည်း 2000mAh Battery ပဲပါဝင်မှာဖြစ်ပါတယ်။

အခု Alcatel 1 စမတ်ဖုန်းရဲ့ ဈေးနှုန်းကိုတော့ အတိအကျမကြေညာထားသေးပေမယ့် ကုမ္ပဏီကတော့ လက်ရှိ ဈေးအသက်သာဆုံး Android One ဖုန်းလို့ ဆိုထားတဲ့အတွက် ဒေါ်လာ ၅၀ နဲ့ ၇၀ ကြားပဲရှိမှာပါ။