Zawgyi



Ref: XDA

Unicode

HMD Global ကုမ္ပဏီကနေပြီး Nokia Brand နာမည်နဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချခွင့်ရရှိပြီး ကတည်းက အရည်အသွေးအရမ်းကောင်းတဲ့ စမတ်ဖုန်းတွေထုတ်လုပ်ခဲ့ပြီး နိုင်ငံတကာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဆိုပါ Nokia ဖုန်းတွေရဲ့ စိတ်ဝင်စားစရာ အချက်ကတော့ Android OS ကို အသုံးပြုထားပေမယ့် တစ်ခြား ဖုန်းထုတ်လုပ်သူတွေလို ကိုယ်ပိုင် Android Skin တွေမသုံးထားပဲ Google ရဲ့ နဂိုမူလ Android ရဲ့ အသွင်အပြင်ကိုမပျက်စေပဲ Stock Android နီးပါး သန့်ရှင်း သပ်ရပ်တဲ့ Software (ခေါ်) UI ကို အသုံးပြုထားတာဖြစ်ပါတယ်။ တစ်ချို့ Nokia ဖုန်းတွေဆိုရင် Google ရဲ့ Android One Software ကို အသုံးပြုထားပြီး ဖုန်း Software ပိုင်းကို Google ကနေ အပြည့်အဝ ကိုင်တွယ်ပေးပြီး တစ်ခြားဖုန်းတွေထက် Update ရတာ အရမ်းမြန်ဆန်ပါတယ်။ HMD Global ကနေပြီး ထွက်ထားသမျှ Nokia ဖုန်းတွေ အကုန်နီးပါး Android Pie Update ရစေရမယ်လို့ ကတိပေးထားပါသေးတယ်။ အခုဆိုရင်လည်း Nokia 6 အတွက် Android Pie Beta Update တစ်ခု ပေါ်ထွက်လာပါပြီ။

အဆိုပါ Nokia 6 အတွက် Android Pie Beta ဟာ Closed Beta အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး Closed Beta ဆိုတာကတော့ Nokia 6 အသုံးပြုသူတိုင်း OTA အဖြစ် ရရှိမှာ မဟုတ်ပဲ Closed Beta Program လျောက်ထားတဲ့ သူတွေပဲ ရရှိမယ့် Update လို့ ဆိုလိုတာပါ။
ဒါပေမယ့်လည်း အဆိုပါ Closed Beta Update ကို XDA Website ကနေ ဒေါင်းလုတ်ရယူပြီး ကိုယ်တိုင် စမ်းသပ် သွင်းကြည့်လို့တော့ ရပါတယ်။ ဒါပေမယ့် Closed Beta ဖြစ်တဲ့အတွက် Bug တွေနဲ့ Error တွေ တော်တော်လေးများနိုင်ပါတယ်။ သာမာန် အသုံးပြုတစ်ယောက်ဆိုရင်တော့ လက်ရှိအသုံးပြုနေတဲ့ Stable Oreo ကိုသာ အသုံးပြုတာကောင်းပါတယ်။

Ref: XDA