ပြီးခဲ့တဲ့ လအနည်းငယ် အကြာက Apple အနေနဲ့ ၆.၁ လက်မ အရွယ်အစားရှိ LCD Display အသုံးပြု တန်ဖိုးနည်း iPhone ကို သြဂုတ်လ အတွင်းမှာ မိတ်ဆက် ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ တန်ဖိုးနည်း iPhone တွေမှာ အသုံးပြုသွားမယ့် LCD Display တွေမှာ ပြဿနာ အချို့ ရှိနေတာကြောင့် အောက်တိုဘလမှသာ မြင်တွေ့ရဖွယ် ရှိတယ်လို့ သိရပါတယ်။

တန်ဖိုးနည်း iPhone တွေမှာ အသုံးပြုသွားမယ့် LCD Display တွေကို LG က ထုတ်လုပ် ပေးခဲ့တာ ဖြစ်ပြီး “LED Backlight Leakage” ပြဿနာ ရှိနေတာကြောင့် အခု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် အချိန် တစ်လခန့် ဆိုင်းငံ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ တန်ဖိုးနည်း iPhone တွေကို အောက်တိုဘာလမှသာ မြင်တွေ့ရဖွယ် ရှိပေမယ့် OLED Display အသုံးပြု ဒုတိယ မျိုးဆက် iPhone X နဲ့ iPhone X Plus တို့ကိုတော့ စက်တင်ဘာလ အတွင်းမှာ မြင်တွေ့ရဖွယ် ရှိတယ်လို့ သိရပါတယ်။

၆.၁ လက်မ တန်ဖိုးနည်း iPhone မော်ဒယ်တွေနဲ့ 2nd Gen iPhone X နဲ့ iPhone X Plus တို့ကြား အဓိက ကွာခြားသွားမှာကတော့ OLED Display အစား LCD Display အသုံးပြုထားခြင်း၊ ကင်မရာ Setup ကွာဟသွားခြင်းတို့ပဲ ဖြစ်ပါတယ်။ တန်ဖိုးနည်း iPhone မော်ဒယ် ကို အဖြူရောင်၊ အမဲရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အပြာရောင်၊ ရွှေရောင် စတဲ့ အရောင်တွေ အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Apple ရဲ့ ထုံးစံအတိုင်း တန်ဖိုးနည်း မော်ဒယ်လို့ ဆိုထားပေမယ့် ကန်ဒေါ်လာ ၇၀၀ ဝန်းကျင် နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China