Unicode

မိုဘိုင်းဂိမ်မာတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအချို့နဲ့ အထောက်အကူပြု App တွေ ထပ်မံထွက်ရှိလာတဲ့အထဲကနေ အကောင်းဆုံးလို့ ထင်ရတာတွေကို ရွေးချယ်တင်ဆက်ပေးပါရစေ။

Wanna Survive
$2.99

Wanna Survive ဟာ ခေတ်ဟောင်းစတိုင်လ် Strategy ဂိမ်းဖြစ်ပြီး Zombie အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ ကိုယ်ပိုင်အသင်းတစ်ခုကိုဖွဲ့စည်းပြီး ဉာဏ်သုံးကာ တစ်ဆင့်ချင်း ရှင်းလင်းရမှာပါ။ ဒီဂိမ်းဟာ PC ဗားရှင်းလည်း ထွက်ရှိပြီး ဖြစ်ကာ မိုဘိုင်းပေါ်မှာတော့ ပိုရှင်းလင်းလွယ်ကူစွာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက အခမဲ့ Free-to-play တော့ မဟုတ်ဘဲ သုံးဒေါ်လာနီးပါးကျသင့်မှာပါ။ Survival စစ်စစ် အရသာရရှိစေမယ့် ဒီဂိမ်းမှာ သင့်ရဲ့အဖွဲ့ထဲက ကာရိုက်တာတစ်ကောင် သေသွားရင် ပြန်ရှင်လာမှာမဟုတ်တာကြောင့် အခန်းတိုင်းမှာ ဘယ်သူ့ကို စတေးရမလဲ ဆိုတာ စဉ်းစားရတာကအစ စိန်ခေါ်စရာဖြစ်လာမှာပါ။

Microsoft Learn Chinese
Free

အမေရိကန်အခြေစိုက် နည်းပညာဘီလူးကြီး Microsoft ရဲ့ ပထမဆုံး မိုဘိုင်းပေါ်က ဘာသာစကား သင်ယူရေး App ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ တရုတ်ဘာသာကို သင်ယူရာမှာ သမာရိုးကျနည်းလမ်းတွေထက် စိတ်ဝင်စားမှု လျော့ကျမသွားအောင် ဉာဏ်စမ်းလေးတွေ၊ ဂိမ်းလေးတွေနဲ့ သင့်ကို ဆွဲဆောင်သွားမှာဖြစ်ပါတယ်။ ဘာသာစကား သင်ယူရာမှာ စာအုပ်နဲ့သင်ယူတာထက် စမတ်ဖုန်းတွေပေါ်က သင်ယူတာဟာ မူရင်းအသံထွက်ကိုလည်း အနီးစပ်ဆုံး ကြားသိလေ့လာနိုင်စေပါတယ်။ ပိုကောင်းတာက ဒီ App ဟာ အခမဲ့ဖြစ်ပြီး ကြော်ငြာတွေ၊ In-app Purchase တွေတောင် မပါပါဘူး။

Last Cloudia
Price: Free to play

Last Cloudia ကတော့ မိုဘိုင်းပေါ်မှာ သေသပ်လှပတဲ့ ဂရပ်ဖစ်ရုပ်ထွက်နဲ့ ကောင်းမွန်တဲ့ Gameplay တို့ကို ယူဆောင်လာပေးတဲ့ RPG ဂိမ်းအမျိုးအစားအသစ်ဖြစ်ပါတယ်။ Free-to-play မိုဘိုင်း RPG တွေရဲ့ ထုံးစံအတိုင်း ဂိမ်းကာရိုက်တာတွေကို In-game Currency သုံးပြီး မဲနှိုက်ရတာမျိုးတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့ Combat စတိုင်လ်၊ လှပပြီး ဇာတ်လမ်းကိုဖော်ပြမယ့် Cinematics တွေနဲ့ Customized လုပ်လို့ရတဲ့ ကာရိုက်တာရဲ့ Growth (RPG ဂိမ်းတွေရဲ့အသက်) ပါဝင်ပါတယ်။

Spies in Disguise: Agents on the Run
Free-to-play

အခုလထဲမှာ ရုံတင်တော့မယ့် Will Smith နဲ့ Tom Holland တို့ပါဝင်တဲ့ Spies in Disguise အန်နီမေးရှင်းကားကို အခြေခံထားတဲ့ မိုဘိုင်းဂိမ်းဖြစ်ပါတယ်။ အန်နီမေးရှင်းကားတွေကို အခြေခံပြီးထုတ်တဲ့ မိုဘိုင်းဂိမ်းတော်တော်များများလိုပဲ Endless Runner ဂိမ်းအမျိုးအစားပါ။ Runner ဂိမ်းကြိုက်သူတွေကတော့ Theme အသစ်အဆန်း အနေနဲ့ ဆော့ကစားကြည့်သင့်ပါတယ်။ မူရင်းကားကိုက အန်နီမေးရှင်းဖြစ်တော့ ဒီဂိမ်းကို ကလေးငယ်တွေနဲ့ မိသားစု ရင်းနှီးလွယ်တဲ့ ပုံစံ ဂရပ်ဖစ်ဒီဇိုင်းတွေ မြင်ရမှာဖြစ်ပြီး ဇာတ်ကားထဲကအတိုင်း Gadget အလန်းစားတွေကိုလည်း အသုံးပြုရမှာပါ။

Ref – Android Authority

Zawgyi

မုိဘုိင္းဂိမ္မာေတြအတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ ဂိမ္းအခ်ဳိ႕နဲ႔ အေထာက္အကူျပဳ App ေတြ ထပ္မံထြက္ရွိလာတဲ့အထဲကေန အေကာင္းဆုံးလုိ႔ ထင္ရတာေတြကို ေရြးခ်ယ္တင္ဆက္ေပးပါရေစ။

Wanna Survive
$2.99

Wanna Survive ဟာ ေခတ္ေဟာင္းစတုိင္လ္ Strategy ဂိမ္းျဖစ္ၿပီး Zombie အႏၱရာယ္ကေန လြတ္ေျမာက္ႏုိင္ဖို႔ ကိုယ္ပုိင္အသင္းတစ္ခုကိုဖြဲ႕စည္းၿပီး ဥာဏ္သုံးကာ တစ္ဆင့္ခ်င္း ရွင္းလင္းရမွာပါ။ ဒီဂိမ္းဟာ PC ဗားရွင္းလည္း ထြက္ရွွိၿပီး ျဖစ္ကာ မုိဘုိင္းေပၚမွာေတာ့ ပိုရွင္းလင္းလြယ္ကူစြာ ေဆာ့ကစားႏုိင္မွာျဖစ္ပါတယ္။ တစ္ခုရွိတာက အခမဲ့ Free-to-play ေတာ့ မဟုတ္ဘဲ သုံးေဒၚလာနီးပါးက်သင့္မွာပါ။ Survival စစ္စစ္ အရသာရရွိေစမယ့္ ဒီဂိမ္းမွာ သင့္ရဲ႕အဖြဲ႕ထဲက ကာရုိက္တာတစ္ေကာင္ ေသသြားရင္ ျပန္ရွင္လာမွာမဟုတ္တာေၾကာင့္ အခန္းတုိင္းမွာ ဘယ္သူ႕ကို စေတးရမလဲ ဆုိတာ စဥ္းစားရတာကအစ စိန္ေခၚစရာျဖစ္လာမွာပါ။

Microsoft Learn Chinese
Free

အေမရိကန္အေျခစုိက္ နည္းပညာဘီလူးႀကီး Microsoft ရဲ႕ ပထမဆုံး မုိဘုိင္းေပၚက ဘာသာစကား သင္ယူေရး App ျဖစ္ပါတယ္။ နာမည္အတုိင္းပဲ တရုတ္ဘာသာကို သင္ယူရာမွာ သမာရုိးက်နည္းလမ္းေတြထက္ စိတ္ဝင္စားမႈ ေလ်ာ့က်မသြားေအာင္ ဥာဏ္စမ္းေလးေတြ၊ ဂိမ္းေလးေတြနဲ႔ သင့္ကို ဆြဲေဆာင္သြားမွာျဖစ္ပါတယ္။ ဘာသာစကား သင္ယူရာမွာ စာအုပ္နဲ႔သင္ယူတာထက္ စမတ္ဖုန္းေတြေပၚက သင္ယူတာဟာ မူရင္းအသံထြက္ကိုလည္း အနီးစပ္ဆုံး ၾကားသိေလ့လာႏုိင္ေစပါတယ္။ ပိုေကာင္းတာက ဒီ App ဟာ အခမဲ့ျဖစ္ၿပီး ေၾကာ္ျငာေတြ၊ In-app Purchase ေတြေတာင္ မပါပါဘူး။

Last Cloudia
Price: Free to play

Last Cloudia ကေတာ့ မုိဘုိင္းေပၚမွာ ေသသပ္လွပတဲ့ ဂရပ္ဖစ္ရုပ္ထြက္နဲ႔ ေကာင္းမြန္တဲ့ Gameplay တုိ႔ကို ယူေဆာင္လာေပးတဲ့ RPG ဂိမ္းအမ်ဳိးအစားအသစ္ျဖစ္ပါတယ္။ Free-to-play မုိဘုိင္း RPG ေတြရဲ႕ ထုံးစံအတုိင္း ဂိမ္းကာရုိက္တာေတြကို In-game Currency သုံးၿပီး မဲႏႈိက္ရတာမ်ဳိးေတာ့ ေရွာင္လႊဲလို႔မရပါဘူး။ ဒါေပမယ့္ ရုိးရွင္းတဲ့ Combat စတုိင္လ္၊ လွပၿပီး ဇာတ္လမ္းကိုေဖာ္ျပမယ့္ Cinematics ေတြနဲ႔ Customized လုပ္လို႔ရတဲ့ ကာရုိက္တာရဲ႕ Growth (RPG ဂိမ္းေတြရဲ႕အသက္) ပါဝင္ပါတယ္။

Spies in Disguise: Agents on the Run
Free-to-play

အခုလထဲမွာ ရုံတင္ေတာ့မယ့္ Will Smith နဲ႔ Tom Holland တုိ႔ပါဝင္တဲ့ Spies in Disguise အန္နီေမးရွင္းကားကို အေျခခံထားတဲ့ မုိဘုိင္းဂိမ္းျဖစ္ပါတယ္။ အန္နီေမးရွင္းကားေတြကို အေျခခံၿပီးထုတ္တဲ့ မုိဘိုင္းဂိမ္းေတာ္ေတာ္မ်ားမ်ားလိုပဲ Endless Runner ဂိမ္းအမ်ဳိးအစားပါ။ Runner ဂိမ္းႀကိဳက္သူေတြကေတာ့ Theme အသစ္အဆန္း အေနနဲ႔ ေဆာ့ကစားၾကည့္သင့္ပါတယ္။ မူရင္းကားကိုက အန္နီေမးရွင္းျဖစ္ေတာ့ ဒီဂိမ္းကို ကေလးငယ္ေတြနဲ႔ မိသားစု ရင္းႏွီးလြယ္တဲ့ ပုံစံ ဂရပ္ဖစ္ဒီဇုိင္းေတြ ျမင္ရမွာျဖစ္ၿပီး ဇာတ္ကားထဲကအတုိင္း Gadget အလန္းစားေတြကိုလည္း အသုံးျပဳရမွာပါ။

Ref – Android Authority