လက်ရှိအချိန်မှာ စမတ်ဖုန်းတွေကနေ Track ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေအများအပြားရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ဖုန်းမှာထည့်သွင်းထားတဲ့ Account တွေကို ရယူပြီး ကိုယ့်ရဲ့ Personal Information တွေကို ရယူထားနိုင်ပါတယ်။

အခုလိုမျိုး Tracking ပြုလုပ်မှုကို ကာကွယ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Social Media Account တွေကို 2-Step Verification ကိုအသုံးပြုတာ၊ ဒါမှမဟုတ် Authenticator App တွေနဲ့ ပိုပြီးလုံခြုံအောင် ကာကွယ်ထားနိုင်သလို VPN တွေကို အသုံးပြုပြီး ကာကွယ်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း လူအများစုမေ့ကျန်နေတဲ့အချက်တစ်ခုရှိပါသေးတယ်။

ဒါကတော့ Web Browsing ပြုလုပ်တဲ့အချိန်မှာ မဖြစ်မနေအသုံးပြုရတဲ့ Web Browser ပဲဖြစ်ပါတယ်။ VPN ကို အသုံးပြုနေပေမယ့် Browser ကနေ ကာကွယ်မှုမပေးနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ Information တွေက ပေါက်ကြားနိုင်ပါသေးတယ်။ အဲ့ဒါကြောင့် အခု Article မှာ Android ဖုန်းတွေအတွက် အကောင်းဆုံး Privacy Web Browser တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Brave Browser

Brave Browser ဟာ Windows နဲ့ macOS အတွက်လည်း ထွက်ရှိထားပြီး Privacy ပိုင်းမှာ အခုနောက်ပိုင်း အောင်မြင်မှုရရှိလာတဲ့ Web Browserတစ်ခုဖြစ်ပါတယ်။ Brave Browser ရဲ့ အဓိကအားသာချက်ကတော့ Ad နဲ့ Tracker Blocking Feature ပဲဖြစ်ပြီး ကိုယ်အသုံးပြုနေတဲ့အချိန်အတွင်းမှာ ဘယ်လောက်ထိ Block ပြုလုပ်ပေးထားနိုင်သလဲဆိုတာကိုပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေဖြစ်တဲ့ Incognito Mode ၊ HTTPS Everywhere ၊ Script Block နဲ့ Third Party Cookie Blocking လိုမျိုး Feature တွေလည်း အပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။ UI Design ပိုင်းအနေနဲ့လည်း လှပတဲ့အတွက် စမ်းသပ်အသုံးပြုကြည့်သင့်တဲ့ Browser တစ်ခုဖြစ်ပါတယ်။

Cake Browser

Cake Web Browser ကလည်း Privacy ကို အလေးထားတယ်ဆိုရင် အသုံးပြုသင့်တဲ့ Browser တစ်ခုဖြစ်ပြီး Website တွေကနေ Tracking ပြုလုပ်တာကို အထူးတားဆီးပေးနိုင်မှာဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ Cake Browser App ကို တခြားသူဝင်ရောက်အသုံးပြုနိုင်ခြင်းမရှိအောင် Password ဖြင့် ကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။ ကျန်တဲ့ Privacy Feature တွေဖြစ်တဲ့ HTTPS Everywhere ၊ Ad & Tracker Blocking ၊ Do Not Track Mode အပြင် App Icon ကိုပြောင်းလဲတာ၊ Swipe Search Function နဲ့ Voice Search လိုမျိုး Feature တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Dolphin Zero

Dolphin Zero ဟာ Feature ပိုင်းမှာတော့ တခြားသော Web Browser တွေထက် ပိုသာနေတဲ့ Privacy Feature တွေမရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း Download ပြုလုပ်တဲ့အချိန်မှာ File Size 500kb ပဲရှိတာကြောင့် သုံးရတာအလွန်ပေါ့ပါးနေမှာဖြစ်ပါတယ်။ Privacy Feature တွေအနေနဲ့ကတော့ Incognito Mode ၊ Ad Blocker တွေအပြင် Do Not Track Mode တွေပါဝင်မှာဖြစ်ပြီး App အတွင်းမှာလည်း Gesture Controls ၊ Theme နဲ့ Video Content တွေကို Download ပြုလုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

DuckDuckGo Privacy Browser

DuckDuckGo လို့ ဆိုလိုက်တာနဲ့ Privacy ပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ Web Browser ဆိုတာကို လူတိုင်းသိကြမှာပါ။ DuckDuckGo Browser ဟာ Android ထက် PC ပိုင်းမှာ ပိုပြီးအောင်မြင်ပြီး Google နဲ့ Bing လိုမျိုး ကိုယ်ပိုင် Search Engine ကို အသုံးပြုတာကြောင့် Website တွေက Track ပြုလုပ်မှုကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ အဲ့ဒါကြောင့် Third-party Tracker တွေကနေ ကာကွယ်ပေးနိုင်ပြီး ဘယ် Website တွေက Tracking ပြုလုပ်ဖို့ ကြိုးစားနေလဲဆိုတာကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Privacy နဲ့ ပတ်သက်တဲ့ Feature တွေလည်း အများအပြားပါဝင်မှာဖြစ်ပြီး ကိုယ့် Privacy အတွက် HTTPS Everywhere လိုမျိုး Feature ကိုလည်း Support ပေးထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Google လောက်တော့ Search Engine ဟာ မစုံလင်ပေမယ့် Privacy အတွက်ကတော့ အသုံးပြုလို့ အကောင်းဆုံး Web Browser တစ်ခုဖြစ်ပါတယ်။

အခုပြောသွားတာကတော့ Android ဖုန်းတွေမှာ Privacy အတွက် Web Browser ကောင်းကောင်းကိုအသုံးပြုချင်တဲ့သူတွေအတွက် စမ်းသပ်အသုံးပြုကြည့်သင့်တဲ့ Web Browser တွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်းအသုံးပြုတဲ့အချိန်မှာတော့ VPN ကောင်းကောင်းနဲ့ပါ တွဲဖက်အသုံးပြုတာက ပိုပြီး စိတ်ချရစေမှာပါ။

Ref – Android Authority