Android ဖုန်းတစ်လုံးကို Factory Reset လုပ်လိုက်ရင် အသုံးပြုသူရဲ့ဖုန်းထဲက Data တွေအားလုံး ပျက်သွားတယ်ဆိုတာကိုတော့ လူတိုင်းနီးပါးသိကြပါလိမ့်မယ်။ ဒါပေမဲ့ Factory Reset လုပ်ပြီးသွားချိန်မှာလည်း ဒီ Data တွေကို Recover ပြန်လုပ်လို့ရလား၊ မရဘူးလားဆိုတာကိုတော့ ဇဝေဇဝါဖြစ်နေတတ်ကြပါတယ်။

ဒီခေါင်းစဉ်အတွက်အဖြေကို လိုတိုရှင်းဖြေရရင်တော့ “ရပါတယ်” ဆိုတာပါပဲ။ ဘယ်လိုလဲ၊ ဘာကြောင့်လဲ ဆိုတာကတော့ Android ဖုန်းထဲက ဖိုင်တွေကို ဖျက်လိုက်တဲ့အခါ၊ ဒါမှမဟုတ် Factory reset လုပ်လိုက်တဲ့အခါတိုင်းမှာ ဖုန်းမှာသိုလှောင်ထားတဲ့ Data တွေကို လုံးဝအပြီးအပြတ် ဖျက်ထုတ်လိုက်တာမဟုတ်လို့ပါပဲ။ Data တွေဟာ Android ဖုန်းရဲ့ သိုလှောင်မှုနေရာလွတ်မှာ ဖုံးကွယ်ပြီးကျန်နေခဲ့လို့ ဖြစ်ပါတယ်။

ဒီ Data တွေ လုံးဝဆယ်မရနိုင်လောက်အောင် ပျက်သွားစေနိုင်တာကတော့ Overwriting လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အရင် Data ရှိခဲ့တဲ့ Space တွေမှာ နောက်ထပ် Data တွေကို Overwriting လုပ်လိုက်ရင်တော့ အရင် Data အဟောင်းကို ပြန်ဆယ်ဖို့ (Recovery လုပ်ဖို့) မဖြစ်နိုင်သလောက်ကို ခက်ခဲသွားပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့် Android ဖုန်းတစ်လုံးကို မတော်တဆ Factory Reset လုပ်မိခဲ့ရင်တောင်မှ Data တွေကို ပြန်ဆယ်လို့ ရနိုင်ခြေက အတော်များတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက်တော့ တကယ့်ကို အစွမ်းထက်တဲ့ Recovery tool ကို အသုံးပြုဖို့လိုပါတယ်။ ဥပမာအားဖြင့် EaseUs, Dr.Fone တို့လို Recovery tool တွေနဲ့ဆိုရင်တော့ ရာနှုန်းအတော်များများကို ပြန်ဆယ်နိုင်မှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းကတော့ Android တွေဟာ Encrypt ကို Default ပေးထားတာ မဟုတ်ပါဘူး။ ဒါကြောင့် Factory reset လုပ်လိုက်ချိန်မှာ Data အချို့ကပဲ Device ရဲ့ Internal storage မှာကျန်ခဲ့ပြီး Accessible လုပ်လို့ရတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Android 6 Marshmallow ကစပြီးတော့ Encrypted by default ဖြစ်လာပါတယ်။ အဓိပ္ပါယ်ကတော့ Data တွေဖျက်လိုက်ပြီးရင်တောင် စိုးရိမ်စရာမလိုဘဲ ပြန်ဆယ်လို့ရတယ်ဆိုတာပါပဲ။

သုံးစွဲသူအတော်များများဟာ Junk တွေများလွန်းပြီး ရှင်းမနိုင်တော့အောင်ဖြစ်လို့၊ Harmful Files တွေကြောင့် ကောင်းကောင်းသုံးလို့မရတော့လို့၊ ဖုန်းကို လက်လွှဲရောင်းချတော့မှာဖြစ်လို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် Data တွေကိုဖျက်တာ၊ Factory Reset လုပ်တာမျိုးကို ပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ သတိပြုရမှာက Overwriting မဖြစ်သေးရင် ပြန်ဆယ်လို့ ရနေသေးတယ်ဆိုတာပါပဲ။

Ref: makeuseof