Microsoft ဟာ Windows Activation နဲ့ ပတ်သက်ပြီး မူဝါဒ ပြောင်းလဲမှု အနည်းငယ် ပြုလုပ်လိုက်ပြီး အခုဆိုရင် License Key သို့မဟုတ် Product Key နဲ့ Activate လုပ်စရာ မလိုဘဲ Windows 10 / 11 ကို ထာဝရ အသုံးပြုနိုင်ပါပြီ။ ဒါပေမယ့် Product Key မဝယ်ဘဲ Unactivated Windows 10/11 ကို သုံးရင် ကန့်သတ်ချက်နဲ့ ဆိုးကျိုးတွေ ရှိပါတယ်။

Unactivated Windows 10/11 ရဲ့ ကန့်သတ်ချက်နဲ့ ဆိုးကျိုးများ

၁။ Activate Windows Watermark ပေါ်နေမှာပါ။

Unactivated Windows 10/11 ကို သုံးရင် Screen ရဲ့ ညာဘက်အောက်ခြေမှာ Activate Windows Watermark ကို ပြသထားမှာပါ။ အဲဒီ Watermark ကို ဖျောက်နိုင်တဲ့ နည်းလမ်းတချို့ ရှိပေမယ့် Registry Files မှာ ပြဿနာရှိရင် ပြန်ပေါ်လာမှာပါ။ Registry မှာ Files တွေကို မပြောင်းချင်ရင် အဲဒီ Watermark ကို သင် အမြဲတမ်း မြင်နေရမှာပါ။

Screenshot ရိုက်ပြီး တခြား သူကို မျှဝေရင်လည်း Watermark ပါနေမှာပါ။

၂။ Windows Settings မှာ Activation Message ပေါ်နေမှာပါ။

Windows ကို Activate မလုပ်ထားရင် Windows Settings မှာ Activation Message အမြဲ ပေါ်နေမှာပါ။ အဲဒီက Link ကို နှိပ်ရင် Windows Settings ထဲက Windows Activation Panel ကို ရောက်သွားမှာပါ။

Desktop က Watermark လိုပဲ Screenshot သို့မဟုတ် Video တွေရိုက်ရင် ပါနေမှာပါ။

၃။ Personalization Settings ကို ပြောင်းလဲလို့ မရပါဘူး။

Windows 10/11 ကို Activate မလုပ်ထားရင် Personalization Settings ကို ပြောင်းလဲလို့ မရပါဘူး။ တစ်နည်းပြောရရင် Wallpaper, Theme , Title Color , Start Menu Color, Transparency နဲ့ တခြား အရာတွေကို သင် မပြောင်းနိုင်ပါဘူး။ အဲဒါတွေကို ပြောင်းချင်ရင် Windows ကို Activate လုပ်ဖို့ သတိပေးမှာပါ။

၄။ Windows ကို Activate လုပ်ဖို့ Notification တွေ မကြာခဏ တက်လာမှာပါ။

Unactivated Windows ကို သုံးရင် စိတ်ပျက်စရာ အကောင်းဆုံးက Activate လုပ်ဖို့ Notification တွေ မကြာခဏ တက်လာတာပါ။ ရုပ်ရှင် ကြည့်နေချိန်နဲ့ စာဖတ်နေချိန်မှာတောင် အဲဒီ Notification တွေက နှောင့်ယှက်နေမှာပါ။

What Are The Limitations of Unactivated Windows 10

Unactivated Windows 10/11 ကို သုံးလို့ အဆင်ပြေမလား?

Microsoft က Windows 10/11 ကို Activate မလုပ်ဘဲ အသုံးပြုခွင့်ကို တစ်သက်လုံး ပေးထားမှာပါ။ အထက်ဖော်ပြပါ ကန့်သတ်ချက်နဲ့ ဆိုးကျိုးတွေဟာ သင့်အတွက် စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် အခကြေးငွေပေးပြီး Activate လုပ်စရာ မလိုပါဘူး။  Product Key ဝယ်ပြီး Activate လုပ်လိုက်ရင်တော့ အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မကြုံရတော့ပါဘူး။

Ref : thewindowsclub