ဘယ်ပစ္စည်းပဲ ဝယ်ဝယ်လူတိုင်းက အသစ်ပဲ ဝယ်ချင်ကြတာပါ။ ဒါပေမယ့် တစ်ချို့တွေကတော့ Smartphone တွေဝယ်တဲ့အခါ Secondhand တွေလိုက်ရှာဝယ်ကြတယ်။

ပိုက်ဆံမတက်နိုင်ပေမယ့် Performance အမြင့်စားလိုချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဖုန်းတစ်လုံးအတွက်ပိုက်ဆံအများကြီးအကုန်မခံချင်တဲ့အခါမှာပဲ ဖြစ်ဖြစ် Secondhand တွေရှာဝယ်ကြတယ်။

Secondhand Smartphone Market ကလည်း အတော်လေးကြီးမားပြီး Flagship တစ်လုံးထွက်တာမကြာသေးပေမယ့် Secondhand တွေဝယ်လို့ရနေကြပြီ။

တစ်ချို့တွေကျတော့ ကိုယ်ဝယ်လိုက်တဲ့ဖုန်းကိုမကြိုက်တဲ့အခါ တစ်သောင်း နှစ်သောင်းအရှုံးခံပြီးပြန်ရောင်းကြတယ်။ ဒီ Post မှာတော့ Secondhand Smartphone တွေဝယ်တဲ့အခါ ဂျင်းမမိစေဖို့ သိသင့်တာလေးတွေပြောပြသွားပါမယ်။

ပထမဆုံးအချက်အနေနဲ့ Body မှာအနာအဆာပါမပါစစ်ပါ

အရမ်းကြီး ပိန်နေတာ ချိုင့်နေတာတွေဆိုရင် ဝေးဝေးကရှောင်ပါ။ ပြုတ်ကျထားတဲ့ဒဏ်ကြောင့်အပြင် အခွံအပြင် အထဲက Hardware ပါထိနေနိုင်တယ်။

မှန်တွေမှာတော့ အဆင်းရာသေးသေးလေးတွေဆိုရင် အဆင်ပြေပေမယ့် အရမ်းနက်တဲ့ အဆင်းရာတွေပါနေရင်မယူပါနဲ့။ မှန်တွေမှာလည်း Game တွေထဲကလို Health Bar ဆိုတာမျိုးရှိပါတယ်။

တစ်ချက်နှစ်ချက် ပြုတ်ကျရုံနဲ့ဘာမှမဖြစ်သေးပေမယ့် အချက်ပေါင်းများစွာပြုတ်ကျထားတဲ့ မှန်က ဘာမှမဟုတ်တဲ့ တစ်ချက်လေးပြုတ်ကျရုံနဲ့ကွဲသွားနိုင်တယ်။ ဖုန်းရဲ့ မှန်တစ်ပြင်လုံးကို လက်သည်းနဲ့ခြစ်ကြည့်ပါ။

မှန်တစ်ပြင်လုံးချောမွတ်နေသင့်ပါတယ်။ ထောက်သွားခဲ့ရင် ထစ်သွားခဲ့ရင် အဲ့ဒီနေရာမှာ တော်တော်လေးနက်တဲ့ အက်ရာလေးတွေရှိနေနိုင်တယ်။

USB Port တွေမိလားဆိုတာလည်းစမ်းပါ။ Charging Cable အပြင် Data Cable နဲ့ပါစမ်းပါ။ ဖြစ်နိုင်ရင် Laptop သယ်သွားပြီး Laptop နဲ့ချိတ်ကြည့်ပါ။ Power Button, Volume Button တွေမိမမိစမ်းပါ။

Software ပိုင်းသေချာစစ်ပါ

Unlock လုပ်ထားလား။ Official ROM လား သေချာစစ်ပါ။ Unlock လုပ်ထားတဲ့အလုံးတွေဆိုရင် OTA Update တွေမရတော့ပါဘူး။

Software ကျွမ်းပြီး ကိုယ့်ဘာသာကလိတက်ရင်တော့ Unlock လုပ်ထားတာကိုအကြောင်းပြပြီး ဈေးစစ်ပြီးဝယ်ပါ။ iPhone တွေဆိုရင် Jailbreak လုပ်ထားလား သေချာစစ်ပါ။ Jailbreak လုပ်ထားရင်တော့ ရှောင်ပါ။ ကလိတက်ရင်တော့ ဝယ်ပါ။ ပိုအဆင်ပြေပါတယ်။

ဖုန်းလိုင်းမိမမိနဲ့ Sensor တွေစစ်ပါ

Sim Card ထည့်ပြီးဖုန်းခေါ်ကြည့်ပါ အဝင် Call ရော အထွက် Call ပါစမ်းပါ။ 3G သို့မဟုတ် LTE အစရှိတဲ့ သက်ဆိုင်ရာ ဖုန်းရဲ့ Network Speed ကိုသေချာစမ်းပါ။ Wifi စမ်းပါ။

Bluetooth စစ်ပါ။ Download တွေဘာတွေဆွဲကြည့်ပါ။ Auto Rotate ဖွင့်ပြီးရမရစစ်ပါ။ ဖုန်းခေါ်နေတုန်း နားနားကိုကပ်လိုက်ရင် ဖုန်း Screen ကို အလိုအလျောက်ပိတ်ပေးလား စမ်းပါ။

Auto Brightness စမ်းပါ။ Android မှာ About Phone Setting ထဲက Build Number ကို ရှစ်ချက်ကိုးချက်လောက် ဆက်လိုက်နှိပ်လိုက်ပါ။ MIUI မှာဆိုရင် MIUI Version ကိုနှိပ်ပါ။ ပြီးတာနဲ့ System သို့မဟုတ် Additional Settings ထဲမှာ Developer Options တွေ့ပါလိမ့်မယ်။

အဲ့ထဲမှာ Show Touch နဲ့ Pointer Location ကိုဖွင့်ပြီး Touch မိမမိစစ်နိုင်ပါတယ်။ ကိုယ်လက်နဲ့ဆွဲသမျှ Touch မိတဲ့နေရာတွေအကုန်လုံးမှာ လိုင်းလေးတွေပေါ်ပြီး မမိရင်တော့ ပြတ်တောက်သွားမှာပါ။

iPhone တွေအတွက်ကတော့ ဒီအတိုင်းပဲ နေရာစုံ Touch စမ်းကြည့်ပါ။

Battery Condition

အားသွင်းကြည့်ပါ။ သာမာန်ထက်ကြာနေရင် Error ရှိနိုင်ပါတယ်။ အားသွင်းပြီး Battery Percentage ကိုမှတ်သားပါ။ စမ်းသုံးကြည့်ပါ။

Battery အကုန်မြန်နေလားစစ်ပါ။ ios 11 နဲ့အထက်မှာ Battery Life စစ်လို့ရတာလေးပါပါတယ်။ အဲ့ထဲဝင်ကြည့်ရင်ဖုန်းရဲ့လက်ရှိ Battery သက်တမ်းကိုသိမှာပါ။ ဥပမာ- 85% ရှိတယ်ဆိုရင် အားအပြည့်သွင်းလည်း 85% ပဲရှိတော့မှာပါ။

70% အောက်ရောက်နေရင်တော့ မဝယ်သင့်တော့ပါဘူး။ Android တွေအတွက်ကတော့ ရိုးရိုးပဲစစ်နိုင်ပါသေးတယ်။

Personal Account တွေဝင်ထားလားကြည့်ပါ

Google Account တွေ Apple ID တွေဝင်ထားလားစစ်ပါ။ Personal Account တွေပါနေတာကိုဝယ်မိရင် App တွေဒေါင်းလို့မရတာမျိုး Account တွေထပ်ဝင်လို့မရတာမျိုးဖြစ်နိုင်ပါတယ်။

တစ်ချို့ ခိုးလာတဲ့ iPhone တွေဆိုရင် Phone Lock ကျသွားနိုင်ပါတယ်။ Account ပြန်ထွက်ဖို့ Password လိုတာမို့ ဘာမှလုပ်လို့မရပဲဖြစ်သွားနိုင်ပါတယ်။

တစ်ချို့ Android တွေမှာဆိုရင် ဖုန်းကို Boot မတက်အောင်ကို Password ပိတ်ထားနိုင်တယ်။ Android တွေဆိုရင် Restart ချကြည့်ပါ။

Camera, Flash Light, Earpiece, Speaker, Headphone Jack, Microphone တွေအကုန်စစ်ပါ

သီချင်းဖွင့်ကြည့်ပါ။ ဓာတ်ပုံရိုက်ကြည့်ပါ။ Flash ကို Auto ထားပြီး ဖုန်း Camera ကိုလက်နဲ့အုပ်ပြီး ဓာတ်ပုံရိုက်ကြည့်ပါ။

Flash Light ပွင့်ရပါမယ်။ Voice Record တွေလုပ်ကြည့်ပါ။ ပြန်နားထောင်ပါ။ Earphones တပ်ပြီးသီချင်းနားထောင်ပါ။

CPU, GPU Performance ကောင်းမကောင်းစစ်ပါ

ကိုယ်ဝယ်မယ့် ဖုန်းပေါ်လိုက်ပြီး Game ဆော့ကြည့်ပါ။ PUBG, ML အစရှိသဖြင့် ဆော့ကြည့်ပါ။ High-end Phone တွေဆိုရင် Quality အမြင့်နဲ့စမ်းပါ။ ထစ်နေခဲ့ရင်မဝယ်ပါနဲ့။

CPU Z လို App တွေသွင်းပြီး CPU Clock Speed တွေစစ်ပါ။

အဲ့လောက်ဆိုရင်တော့ ရောင်းမယ့်သူက သင့်ကိုတော်တော်ရှိန်သွားပါပြီ။ ဂျင်းထည့်ထားတယ်ဆိုရင်လည်း ချက်ချင်းသိမှာပါ။

Secondhand Smartphone ဝယ်မယ့် လူအပေါင်း ဂျင်းထည့်ခံရခြင်းကင်းကြပါစေ။