ပြီးခဲ့တဲ့ Google IO 2018 ပွဲမှာ Google Assistant AI (လူလုပ်အသိဥာဏ်) တစ်ခုဖြစ်တဲ့ Google Duplex ဆိုတဲ့ Feature အသစ်ကို ပရိတ်သတ်နဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ Feature ဟာ အရင် AI တွေထက် သာနေရတဲ့ အချက်ကတော့ ဖုန်းပြောတတ်တာပါပဲ။ ဖုန်းပြောတယ်ဆိုတာကလည်း အရင်ကလို Call my Girlfriend ဆိုပြီး လူစားဖုန်းခေါ်ပေးတာမျိုး မဟုတ်တော့ပါဘူး။ ဘယ်ဟိုတယ်ကို လူဘယ်နှယောက်စာ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်လာမယ် ဆိုပြီး လူကိုယ်စား ဖုန်းနဲ့ Booking လုပ်တာမျိုးပါ။

Source: Google

တကယ်တော့ Google Duplex ဟာ လူနဲ့ AI ပေါင်းထားသလိုမျိုးပါပဲ။ တချို့လုပ်ငန်းတွေရဲ့ Online မှာ မတင်တဲ့ သတင်းအချက်အလက်မျိုးတွေ ( ဥပမာ – ပိတ်ရက်တွေမှာ ဟိုတယ်တွေအခန်းလွတ် ကျန်မကျန်) ကို သူကကိုယ့်အစား ဖုန်းဆက်ပြီး စုံစမ်းပေးထားနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူက Google Duplex ကို သောကြာနေ့ည ၇ နာရီခွဲ အတွက် စားသောက်ဆိုင်တစ်ဆိုင် Booking လုပ်ထားဖို့ပြောလိုက်ရင် Google Duplex ကသင့်ကိုယ်စား စားသောက်ဆိုင်တွေကို ဖုန်းဆက်ပြီး စုံစမ်းပါလိမ့်မယ်။ ဒါ့အပြင် သူက စားသောက်ဆိုင်နဲ့ ဖုန်းပြောပြီး ၇ နာရီခွဲ အတွက်နေရာမရဘူးဆိုရင် နောက်ဆိုင်တစ်ဆိုင်ကို ဖုန်းထပ်ဆက်ပေးဦးမှာပါ။ Booking လုပ်ပြီးပြီဆိုရင်လည်း သင့်ဆီကို Report  ပြန်လုပ်ပေးပါလိမ့်မယ်။ တကယ်လို့ သောကြာနေ့ည ၇ နာရီ ခွဲ မှာ ဘယ်စားသောက်ဆိုင်မှ Booking မရဘူးဆိုရင် ရမယ့်အချိန်ကိုမေးပြီး သင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အဆင်အပြေဆုံးကို ရွေးပေးသွားမှာပါ။

ကဲ Google Duplex ကတော့ အဆင့်မြင့် AI တွေထက်ကို တစ်ဆင့်မြင့်သွားပါပြီ။ ဒီပုံအတိုင်းဆို Ironman ရဲ့ JARVIS လို AI မျိုး ပေါ်ထွက်ဖို့ နီးစပ်နေပြီလား။ စာဖတ်သူရဲ့ ထင်မြင်ချက်လေးတွေလည်း ပြောပြသွားပါဦး။