ဖုန်း Wallpaper ဘာထားရမှန်းမသိတဲ့ သူတွေအတွက် Google ရဲ့ ကိုယ်ပိုင် Wallpaper App လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Android 6.0 နဲ့အထက်ဘယ်ဖုန်းမှာမဆိုသွင်းနိုင်ပါတယ်။
ကျွန်တော်တို့ Page မှာတင်ပေးထားတဲ့ Pixel Launcher လေးနဲ့တွဲသုံးရင်တော့ အရမ်းကိုလန်းသွားမှာပါ။
Google Wallpaper ကိုသွင်းပြီးရင်တော့ App Drawer ထဲမှာရှာတွေ့နိုင်မှာမဟုတ်ပဲ ကိုယ်သုံးတဲ့ Launcher ကတစ်ဆင့် Wallpaper ထဲဝင်လိုက်မှ Google Wallpaper ကိုတွေ့မှာပါ။
Wallpaper တွေရယူဖို့အတွက်တော့ Internet Connection ရှိဖို့လိုပါတယ်။ Landscapes, Seascapes, Art, Life အစရှိသဖြင့် Wallpaper အမျိုးအစားပေါင်းများစွာရှိပြီး Google ရဲ့ ကိုယ်ပိုင် Style ဖြစ်တဲ့ Earth လို့ခေါ်တဲ့ Satellite Wallpaper တွေက တော်တော်ကိုလှပါတယ်။
ကိုယ်ကြိုက်တဲ့ Wallpaper အမျိုးအစားထဲကမှ Daily Wallpaper ထားနိုင်ပြီး Wallpaper အသစ်တွေကို နေ့တိုင်း Auto ပြောင်းပေးမှာပါ။
Google Play Store ကရော Apk Pure ကပါရရှိနိုင်ပါတယ်။
Download Google Wallpapers