Website တော်တော်များများဟာ ကြော်ငြာတွေအပေါ် မှီခိုပြီး ဝင်ငွေရှာနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကြော်ငြာတွေ ပြတာကို မကြိုက်တဲ့ လူတွေလည်း တော်တော်များပါတယ်။ တချို့ ကြော်ငြာတွေဆိုရင် Web Page ၁ ခုလုံးကို ဖုံးကာပြီး ပြကြတာ စိတ်ပျက်စရာကောင်းပါတယ်။ Video နဲ့ Audio တွေကို အလိုလို ဖွင့်ပြကြတဲ့ ကြော်ငြာတွေလည်း ရှိနေပါတယ်။ ကံကောင်းတာက Chrome မှာ ကြော်ငြာတွေကို ပိတ်ထားနိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။

Pop Up Pages နဲ့ ကြော်ငြာတွေကို ပိတ်နည်း

stop ads on chrome

၁။ Android မှာ Chrome Browser ကို ဖွင့်ပါ။

၂။ ညာဘက်ထိပ်က Menu ကနေ Settings ထဲသွားပါ။

၃။ အောက်ကို ဆင်းပြီး Site Settings Selection ကို သွားပါ။

၄။ Pop-ups and Redirects Option မှာ On ပေးပါ။

၅။ Site Settings ထဲမှာ Ads ဆိုတဲ့ Section ရှိပါသေးတယ်။

၆။ Ads ထဲသွားပြီး Slider ကို On ပေးလိုက်ရင် ဆိုးဆိုးရွားရွားပြသပေးတဲ့ ကြော်ငြာတွေကို ဖျောက်ပေးမှာပါ။

Data Saver Mode ကို သုံးပါ။

Chrome မှာ စိတ်ပျက်စရာကောင်းတဲ့ ကြော်ငြာတွေကို ပိတ်ပေးတဲ့ နောက်ထပ် နည်းလမ်း ၁ ခု ရှိပါသေးတယ်။ Settings ထဲက Lite Mode ကို On ပေးလိုက်ပါ။ Data Saver ရဲ့ အဓိက ရည်ရွယ်ချက်က Google Server တွေက Website Page တွေကို Compress လုပ်ပြီး မြန်မြန်ဆန်ဆန် ပြသပေးဖို့ ဖြစ်ပါတယ်။ Google Servers တွေက အဲဒီ အလုပ်အပြင် ဆိုးဆိုးရွားရွားပြသပေးတဲ့ ကြော်ငြာတွေနဲ့ Malicious ကြော်ငြာတွေကိုပါ ပိတ်ပင်ပေးပါတယ်။

ကြော်ငြာ ပိတ်ပင်ပေးတဲ့ တခြား Browser တွေသုံးပါ။

Block ads on Android

Android မှာ Chrome မသုံးချင်သူတွေအတွက် ကြော်ငြာ ပိတ်ပင်ပေးတဲ့ Web Browser တွေရှိပါသေးတယ်။ အဲဒီအထဲမှာ Opera နဲ့ Adblock Browser တို့ကို ညွှန်းပေးချင်ပြီး အောက်မှာ Download လုပ်နိုင်ပါတယ်။

Opera

Adblock Browser

Ref : androidauthority